မဲလ်ဘုန်းဗစ်တိုးရီးယားကနေ ထွက်ခွာသွားပြီဖြစ်တဲ့ မန်ယူကြယ်ပွင့်ဟောင်း နာနီ

မဲလ်ဘုန်းဗစ်တိုးရီးယားကနေ ထွက်ခွာသွားပြီဖြစ်တဲ့ မန်ယူကြယ်ပွင့်ဟောင်း နာနီ

မန်ချက်စတာယူနိုက်တက်နဲ့ ပေါ်တူဂီတောင်ပံကစားသမားဟောင်း နာနီဟာ လိဂ်ပွဲ ၁၀ ပွဲသာ ကစားအပြီးမှာ မဲလ်ဘုန်ဗစ်တိုးရီးယားအသင်းကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း သြစတြေးလျကလပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ပြီးခဲ့တဲ့နှစ်က လက်မှတ်ရေးထိုးခဲ့ချိန်က နှစ်တွေအတွင်း A-League ရဲ့ အကြီးမားဆုံး ခေါ်ယူမှုတွေထဲက တစ်ခုအဖြစ် ချီးကျူးခံခဲ့ရပါတယ်။

ဒါပေမယ့် ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် သူ ရာသီကုန်အထိ အနားမယူခင် ဂိုးမယူသွင်းနိုင်ဘဲ သူဟာ မျှော်လင့်ထားတဲ့အတိုင်း စွမ်းဆောင်မပြနိုင်ခဲ့ပါဘူး။

"ကလပ်အနေနဲ့ နာနီကို သူ့ရဲ့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ပြီး အနာဂတ်အတွက် အကောင်းဆုံးဖြစ်ပါစေလို့ သူ့ကို ဆုမွန်တောင်းပေးပါတယ်။"လို့ ဗစ်တိုးရီးယားအသင်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နာနီဟာ ၂၀၁၅ မှာ ယူနိုက်တက်ကနေ ထွက်ခွာသွားပြီးနောက် အမေရိကန်၊ စပိန်နဲ့ တူရကီတို့မှာ ကစားပြီးနောက် အီတလီကလပ် ဗီနီဇီးယားကနေ ပြောင်းရွှေ့လာခဲ့တာပါ။

နာနီဟာ ပေါ်တူဂီအသင်းအတွက် ၁၁၂ ပွဲကစားကာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ် လေးကြိမ် ရရှိခဲ့ပါတယ်။

မဲလ်ဘုန်းဗစ်တိုးရီးယားဟာ ၁၂ သင်းဇယားမှာ အဆင့် ၁၁ နဲ့ A-League ရာသီကို ပိတ်သိမ်းခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly