တရုတ် ဖရီးဂိတ် စစ်သင်္ဘော နှစ်စင်း ရန်ကုန်တွင် ကမ်းကပ်

တရုတ် ဖရီးဂိတ် စစ်သင်္ဘော နှစ်စင်း ရန်ကုန်တွင် ကမ်းကပ်

မြို့တော်ဟောင်း ရန်ကုန်မြို့အနီးတွင် တရုတ်ရေတပ် ဖရီးဂိတ် သင်္ဘော နှစ်စင်း ကမ်းကပ်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်အရ သိရသည်။

Zhoushan နှင့် Xiangtan သင်္ဘောနှစ်စင်းက သီလဝါဆိပ်ကမ်း၌ စက်တင်ဘာ ၃၀ ရက်က ကမ်းကပ်လာချိန်တွင် မြန်မာစစ်တပ် အရာရှိများက ကြိုဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြသည်။

ယခုကဲ့သို့ ရေတပ်သင်္ဘော နှစ်စင်း အလည်အပတ် ရောက်လာခြင်းက တရုတ်နှင့် မြန်မာနှစ်နိုင်ငံ စစ်ရေးဆက်ဆံရေး နီးကပ်မှုက ညီအစ်ကိုရင်းမျှ ဆက်ဆံရေးဖြစ်ကြောင်းကို   ပြသလိုက်ခြင်း   ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက Hong Liang က ပြောသည်။

တရုတ်ရေတပ်သင်္ဘောနှစ်စီးသည် အေဒင်ပင်လယ်ကွေ့အတွင်း ကင်းလှည့်စောင့်ရှောက်မှု လုပ်ငန်းစဉ်အပြီး ဝင်ရောက်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဒုတိယမြောက် ကမ်းကပ်မှုလည်းဖြစ်သည်။

ယခုဆယ်စုနှစ် အစောပိုင်းက စကာ ဆက်ဆံရေး အေးလာခဲ့သည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံက နွေးထွေးသည့် ဆက်ဆံရေးပြန်လည် ဖြစ်ထွန်းရန် ကြိုးစားလာနေသည်။ ၂၀၁၅ နိုဝင်ဘာက NLD ပါတီ အနိုင်ရပြီး မြန်မာနိုင်ငံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နှင့် ရင်းနှီးမြုပ်နှံသည့် နိုင်ငံဖြစ်သော တရုတ်နှင့် ဆက်ဆံရေးကို လိုလားကြောင်း ပြသထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required