ရွှေဘိုတွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် တိုက်ဖျက်ရေး ဆန္ဒပြ

By 008(မဇ္ဈိမ)
08 December 2023
ရွှေဘိုတွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် တိုက်ဖျက်ရေး ဆန္ဒပြ
ဓါတ်ပုံ-ဗကသများအဖွဲ့ချုပ်၊သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများ အဖွဲ့ချုပ်) ဦးဆောင်၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်တိုက်ဖျက်ရေး ဆန္ဒပြပွဲကို စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်တွင် ယနေ့ ဒီဇင်ဘာ ၈ရက် နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။

“အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြ” စာသားပါ ဘန်နာများကို ကိုင်စွဲကာ စစ်အာဏာရှင် အမြစ်ပြတ်တိုက်ဖျက်ရေး၊ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ဖိရင်ကြွမယ်၊ထိရင်ချမယ်၊တောင်းတန်းပြည်မ ညီညွှတ်ကြ၊တော်လှန်စစ်ကိုထောက်ခံကြ စသည့် ကြွေးကြော်သံများဖြင့် ချီတက်ကာစစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှား ဆန္ဒပြမှုတရပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ-ဗကသများအဖွဲ့ချုပ်၊သတင်းနှင့်ပြန်ကြားရေးဗျူရို

အဆိုပါ လှုပ်ရှားဆန္ဒပြမှုတွင် အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက (ခွဲ) ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဝက်လက် မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်းသိရသည်။

ဗကသများအဖွဲ့ချုပ်အနေဖြင့် အမျိုးသားနေ့ အောင်ပွဲအထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်တိုက်ဖျက်ရေး လှုပ်ရှားဆန္ဒပြမှုကို ကနီမြို့နယ်တွင်လည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဓါတ်ပုံ-ဗကသများအဖွဲ့ချုပ်၊သတင်းနှင့်ပြန်ကြားရေးဗျူရို

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly