မြိုင်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရ၍ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးကျဆုံး

By MTO(မဇ္ဈိမ)
09 December 2023
မြိုင်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရ၍ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးကျဆုံး
ပုံအညွှန်း -ကျဆုံးသွားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို မီးသဂြိုလ်ပေးနေစဉ် (ပုံဟောင်း)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရ၍ ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

“လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချတာ ရဲဘော်တွေ ခိုအောင်းနေတဲ့ အိမ်ပေါ်ကို တည့်တည့်ကျတာမှာ ရဲဘော်ကိုးဦး ကျဆုံးသွားတာ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ လေးဦးနင့် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ငါးဦးတို့ ကျဆုံးခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းများကို ဒီဇင်ဘာလ ၈ ရက်နေ့တွင် ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း ၎င်းကပြောသည်။

လင်းကတောနယ်မြေရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာလ  ၄ ရက်နေ့ မှစတင် တိုက်ခိုက်ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့၏ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ခံရခြင်းဖြစ်သည်ဟု ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

တိုက်ပွဲနှင့် ပတ်သက်သည့် အသေးစိတ်အခြေအနေများကို နောက်ပိုင်းတွင် သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရေစကြိုပကဖ တာဝန်ရှိသူက ပြောသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း လင်းကတောနယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ များထံက သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly