နောင်ချိုမြို့ကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်ထား(ရုပ်/သံ) 

By ရွှေနွယ်( မဇ္ဈိမ )
30 October 2023
နောင်ချိုမြို့ကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်ထား(ရုပ်/သံ) 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ ( အောက်တိုဘာ ၃၀)မှာ စစ်ဆင်ရေး ၄ ရက်မြောက်နေ့အဖြစ် စီးနင်းထိန်းချုပ်ထားပြီး အချက်အချာကျတဲ့ ဂုတ်တွင်းတံတားကိုလည်း သိမ်းပိုက်ထားပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တတိယနေ့ (အောက်တိုဘာ ၂၉) မနက်အစောပိုင်းမှာဘဲ နောင်ချိုမြို့နဲ့ ၃ မိုင်လောက် သာကွာဝေးတဲ့ ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို TNLAနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန်းလေး MDY-PDFတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ 

မနေ့ မွန်းလွဲပိုင်းမှာတော့ TNLAနဲ့ MDY-PDFတို့က မြို့အနီးကို ထိန်းထားတာကြောင့် နောင်ချိုမြို့အဝင် စစ်ဆေးရေးဂိတ်၊ မြို့ပေါ် ရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ နောင်ချို-ရပ်စောက်လမ်းပိုင်းပေါ်က ဒုံးတပ်တပ်စခန်းတစ်ခုထဲ တိမ်းရှောင်ထွက်ပြေးကုန်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

တင်ဆက် - ရွှေနွယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required