ဒီပဲယင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက် (ရုပ်၊သံ) 

30 October 2023
ဒီပဲယင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက် (ရုပ်၊သံ) 

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်၊  အုန်းတင်းကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို အောက်တိုဘာလ ၂၂ ရက် မနက်ပိုင်းမှာ ဒေသအခြေစိုက်ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ မြနန္ဒာစစ်ဆင်ရေး (မန္တလေး) ပြန်ကြားရေးဗျူရို တာဝန်ရှိသူက မဇ္ဈိမကို ပြောပါတယ်။

ဒီပဲယင်းမြို့နယ်၊ ငဝဲတောကျေးရွာက ထွက်လာတဲ့ အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းဟာ အောက်တိုဘာလ ၂၂ ရက် မနက်ပိုင်းမှာ အုန်းတင်းကျေးရွာကို စစ်ကြောင်းထိုးနေစဉ် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့မှ နောက်ဆက်တွဲ နယ်မြေရှင်းလင်းရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးရဲ့ ရုပ်အလောင်းတွေကို မစင်တွင်းထဲပစ်ချထားတာကို‌ တွေ့ရှိခဲ့ရတယ်လို့ မြနန္ဒာစစ်ဆင်ရေး (မန္တလေး) ပြန်ကြားရေးဗျူရိုက ပြောပါတယ်။

တင်ဆက်၊ တည်းဖြတ် - MTO

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required