ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တွင် ကရင်ရိုးရာလက်ချည် လိပ်ပြာခေါ်ယူပွဲ ပြုလုပ် (ရုပ်၊သံ)

By ဂန္ဒမာ(မဇ္ဈိမ)
20 August 2023
ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တွင် ကရင်ရိုးရာလက်ချည် လိပ်ပြာခေါ်ယူပွဲ ပြုလုပ် (ရုပ်၊သံ)

ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့က နောင်ဘွား ဘုန်းကြီးကျောင်းမှာ ဒီကနေ့ ဩဂုတ်လ ၂၀ ရက် နံနက် ၇ နာရီကစတင်ပြီးတော့ မိရိုးဖလာ ကရင်ရိုးရာလက်ချည် လိပ်ပြာခေါ်ယူပွဲ ပြုလုပ်ကျင်းပခဲ့ပါတယ်။

အဆိုပါဘုန်းကြီးကျောင်းမှာ မိရိုးဖလာကရင်ရိုးရာလက်ချည် လိပ်ပြာခေါ်ယူပွဲကို ၁၉၉၈ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်တို့ကလည်း ကျင်းပခဲ့ကြပြီး ယခု၂၀၂၃ ခုနှစ်မှာ‌တော့ စတုတ္ထအကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်။

လက်ချည်ပွဲအကြောင်းနဲ့ ကျင်းပဖြစ်ပုံကို နောင်ဘွားဘုန်းကြီးကျောင်းရဲ့ ဆရာတော်ထံ မေးမြန်းထားပြီး ပွဲတက်ရောက်လာသူအချို့အ‌ေနနဲ့ လက်ချည်ပွဲအ‌ေကြာင်း ဘယ်လိုသိရှိနားလည်ထားလဲ ဆိုတာကို မေးမြန်းတင်ဆက်ထားပါတယ်။

ရိုက်ကူး၊ တင်ဆက် - ဂန္ဒမာ
တည်းဖြတ် - KMN
စာတည်း-အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly