ဒေသဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့နဲ့ ထိုင်းဒေသခံတွေကို မနှောက်ယှက်ဖို့ မဲဆောက်ရောက် မြန်မာတွေကို ထိုင်းအာဏာပိုင်များ သတိပေး(ရုပ်သံ) 

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
23 March 2023
ဒေသဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့နဲ့ ထိုင်းဒေသခံတွေကို မနှောက်ယှက်ဖို့ မဲဆောက်ရောက် မြန်မာတွေကို ထိုင်းအာဏာပိုင်များ သတိပေး(ရုပ်သံ) 

၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က ထိုင်းနိုင်ငံမဲဆောက်မြို့ မယ်ပရပ်ကွက်မှာရှိတဲ့ မြန်မာတွေနေထိုင်နေတဲ့ အဆောက်အဦတစ်ခုကို ထိုင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ နယ်ခြားစောင့်တပ်၊ စစ်တပ်နှင့်ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူတွေပါဝင်တဲ့အဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ 

ဒီလိုစစ်ဆေးတဲ့နေရာမှာ မြန်မာလူငယ် နှစ်ဦးကိုဖမ်းဆီးသွားခဲ့တာရှိခဲ့ပေမယ့် ကျန်သူတွေကိုမဖမ်းခဲ့ဘဲ ဒေသဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဖို့နဲ့ ထိုင်းဒေသခံတွေကို အနှောက်အယှက်မပေးဖို့ သတိပေးခဲ့တယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly