အကြိမ်ကြိမ်ရွှေ့ဆိုင်းထားရသည့် KNU ညီလာခံ စတင်ကျင်းပ

အကြိမ်ကြိမ်ရွှေ့ဆိုင်းထားရသည့် KNU ညီလာခံ စတင်ကျင်းပ

နှစ်ပေါင်း ၇၀ ကျော် သက်တမ်းရှိတဲ့  ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ၁၇ ကြိမ်မြောက် ညီလာခံကို ဧပြီ ၂၄ မှစကာ ကျင်းပနေပြီဖြစ်ကြောင်း သိရပါတယ်။

၁ဝ ရက်ခန့်ကြာမြင့်မဲ့ ဒီညီလာခံကနေ KNU ဗဟိုကော်မတီဝင် အပြောင်းအလဲတချို့ ဖြစ်လာနိုင်တယ်လို့ ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လျှို့ဝှက်ဒေသတစ်ခုမှာကျင်းပတဲ့ ဒီညီလာခံကို ကိုယ်စားလှယ်တချို့က အင်တာနက်အွန်လိုင်းက တစ်ဆင့်တက်ရောက်နေတာဖြစ်ပြီး ဗဟိုကော်မတီဝင် ၅ဝ ခန့်နဲ့အတူ ခရိုင်ကိုယ်စားလှယ်တွေ၊ တပ်မဟာကိုယ်စားလှယ်တွေနဲ့ ကရင်အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ စုစုပေါင်း လူဦးရေ ၁ဝဝ ကျော်တက်ရောက်နေတယ်လို့လည်း ဆိုပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required