"နေပြည်တော်ကို ဝိုင်းပတ်လို့ မမများနဲ့ ပွဲကစို့"  (အင်တာဗျူး)

By ဂန္ဒမာ (မဇ္ဈိမ)
25 July 2023
"နေပြည်တော်ကို ဝိုင်းပတ်လို့ မမများနဲ့ ပွဲကစို့"  (အင်တာဗျူး)

"မမများနဲ့ပွဲကမယ်" အစီအစဉ်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ တရားဝင် ကိုယ်စားလှယ်အဖွဲ့အစည်းဖြစ်သော We Love Myanmar Family(WLMF) ၏ နိုင်ငံတကာရှိ ရန်ပုံငွေရှာဖွေသူများနှင့် ၂၀၂၂  ခုနှစ် ၊ မေလ ၂၆ ရက်နေ့က စတင်ခဲ့သော ပရောဂျက်ဖြစ်သည်။

ထိုအချိန်မှစတင်ကာ အစီအစဉ် လေးကြိမ်ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး ဒေသအလိုက် စစ်မျက်နှာဖွင့်ထားသည့် နေရာများတွင် လက်နက်ကြီးတပ်ဆင်နိုင်ရေးအတွက် ကြိုးပမ်းကာ ကရင်နီဒေသ၊ စစ်ကိုင်းဒေသ၊ ချင်း မကွေးနှင့် အလယ်ပိုင်းဒေသတို့အတွက် ဘဏ္ဌာငွေရှာဖွေခဲ့ရာ အစီအစဉ်များမှ ဒေါ်လာ ၁ ဒသမ ၉၈ သန်း ရရှိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ယခုအခါတွင် ငါးကြိမ်မြောက်အစီအစဉ်ကိုလည်း စတင်နေကာ လက်ရှိ တိုက်ပွဲဖော်ဆောင်နေပြီဖြစ်သော နေပြည်တော်အတွက် "နေပြည်တော်ကို ဝိုင်းပတ်လို့၊ မမများနဲ့ပွဲကစို့" ကျပ်သိန်း ၁၀,၀၀၀ ပရောဂျက်အကြောင်း "မမများနဲ့ပွဲကမယ်" ပရောဂျက် တာဝန်ခံ ဂူးကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required