တစ်ကျော့ပြန် ရက်ရှည်တိုက်ပွဲတွေကြားက နန်ဆန်ယန် (ရုပ်/သံ)

တစ်ကျော့ပြန် ရက်ရှည်တိုက်ပွဲတွေကြားက နန်ဆန်ယန် (ရုပ်/သံ)

မြစ်ကြီးနား - ဗန်းမော် ပြည်ထောင်စုလမ်းမကြီးပေါ်က နန်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့‌တွေက ၂၀၂၃ ခုနှစ် ဇူလိုင်လ ပထမပတ်မှာ ပြန်လည်စစ်ကြောင်းထိုးလာတဲ့အတွက် KIA နဲ့ တိုက်ပွဲတွေ ဖြစ်ပွား နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်းတလျှောက် စစ်ကောင်စီဂိတ်တွေကနေ ယာဉ်သွားလာခွင့်ကို ကေအိုင်အေက ကန့်သတ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေတာကြောင့် KIA နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်တပ်ဖွဲ့က နန်ဆန်ယန် ရွာထဲမှာ နေရာမယူကြတော့ဘဲ တောတွင်းမှာ နေရာယူထားကြတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မဇ္ဈိမက ကနဦး စုံစမ်းသိရှိထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required