ညောင်ပင်ကြီး ကျေးရွာကို လေကြောင်းပါသုံးပြီး စစ်ကောင်စီ တိုက်ခိုက် မီးရှို့နေ

By KMN (မဇ္ဈိမ)
10 June 2023
ညောင်ပင်ကြီး ကျေးရွာကို လေကြောင်းပါသုံးပြီး စစ်ကောင်စီ တိုက်ခိုက် မီးရှို့နေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာ ကို စစ်ကောင်စီတပ်တွေက ဇွန်လ ၉ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းအသုံးပြုပြီး ပစ်ခတ်ခဲ့သလို ဒီကနေ့ မနက်ပိုင်းအထိ နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၉ ရက်နေ့ ညနေပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ညောင်ပင်ကြီးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အသေအဆုံးများခဲ့တာကြောင့် လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ 

ညောင်ပင်ကြီးကျေးရွာ နဲ့ ထန်းတောကြီး ကျေးရွာတွေကို ဒီကနေ့ မနက်ပိုင်းအထိ မီးရှို့နေတာကြောင့် ကျေးရွာ ခုနစ်ရွာက ဒေသခံ ၅,၀၀၀ ခန့်ဟာ အရေပေါ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့  ပြန်ကြားရေးတာဝန်ခံနဲ့ နယ်မြေခံ National Revolution Army တာဝန်ခံတွေက မဇ္ဈိမကို ပြောပါတယ်။ 

စာတည်း - သန့်ဇော်(သန်လျင်)

တင်ဆက်၊တည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly