CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံတို့တွေ့ဆုံ

By 001 (မဇ္စျိမ)
13 March 2023
CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံတို့တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet တို့ မတ်လ ဒုတိယပတ်အတွင်းက တွေ့ဆုံ ခဲ့ကြကြောင်း CRPH မှ မတ်လ ၁၂ ရက်နေက သတင်းထုတ်ပြန်ထားသည်။

CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၏ မတ်လ ၇ ရက်နေ့မှ  ၉ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့အလုပ်သဘောခရီးစဥ်အတွင်း တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက် အမေရိကန်အစိုးရနှင့် အမေရိကန်နိုင်ငံရှိ နိုင်ငံတကာအဖွဲ့ အစည်းများထံမှ ထိရောက်သောပံ့ပိုးကူညီမှုများရရှိရေးနှင့် နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် လုပ်ဆောင်နိုင်ရေးအတွက် သွားရောက်သည့်ခရီးစဥ်ဖြစ်ကြောင်း CRPH က ထုတ်ပြန်ထားသည်။

အဆိုပါခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet ၊ အမေရိ ကန်အထက်လွှတ်တော်၊ နိုင်ငံခြားရေးကော်မတီနှင့် Committee on Appropriations အဖွဲ့ဝင်၊ Senator Chris Van Hollen ၊ National Democratic Institute (NDI) ၊ National Endowment for Democracy (NED) အပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly