ကိုယ်ပိုင်ထရန်စဖော်မာနှင့် အိမ်သုံးမီတာများ တပ်ဆင်ခွင့် လျှောက်ထားလာမှုရှိပါက စနစ်တကျစိစစ်ခွင့်ပြုရန် CRPH မှ ကြိုတင်အစည်းအဝေးပြုလုပ်

By ကီရာ (မဇ္ဈိမ)
08 May 2023
ကိုယ်ပိုင်ထရန်စဖော်မာနှင့် အိမ်သုံးမီတာများ တပ်ဆင်ခွင့် လျှောက်ထားလာမှုရှိပါက စနစ်တကျစိစစ်ခွင့်ပြုရန် CRPH မှ ကြိုတင်အစည်းအဝေးပြုလုပ်

ကိုယ်ပိုင်ထရန်စဖော်မာနှင့် အိမ်သုံးမီတာများ တပ်ဆင်ခွင့် လျှောက်ထားလာမှုရှိပါက စနစ်တကျစိစစ်ခွင့်ပြုရန်  အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကြိုတင် အစည်းအဝေးကို မေလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း CRPH မှ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အစည်းအဝေးတွင် ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်ခွင့် လျှောက်ထားလာမှုများနှင့် အိမ်သုံးမီတာများ တပ်ဆင်ခွင့်လျှောက်ထားလာမှုများအပါအဝင် လျှပ်စစ်ဓာတ်အားရရှိရေးတောင်းခံလာပါက ဆောင်ရွက်ရမည့်အခန်းကဏ္ဍများအား အဓိကထား ဆွေးနွေးတင်ပြခဲ့ကြသည်ဟု ဖော်ပြထားသည်။

ထို့အပြင် ကြားကာလဒေသန္တရအုပ်ချုပ်ရေးနယ်မြေများရှိ ပြည်သူများက အိမ်သုံးမီတာများ၊ ပါဝါမီတာများ၊ ထရန်စဖော်မာများ တပ်ဆင်လိုခြင်း တင်ပြလာပါက ဆောင်ရွက်ရမည့် မူဝါဒများကို ထုတ်ပြန်ကြေညာပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ စနစ်တကျဆောင်ရွက်နိုင်ရေးကို ဝန်ကြီးဌာနအနေဖြင့်  စီမံလုပ်ဆောင်လျက်ရှိကြောင်းကိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အိမ်သုံးလျှပ်စစ်နှင့် အခြားလျှပ်စစ်များအတွက် ကျသင့်ငွေနှင့် ဝန်ဆောင်ခ ဆိုင်ရာ အချက်အလက်များ ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများနှင့် အခွန်နှုန်းထား သတ်မှတ်ခြင်းများကို အချိန် သုံးနာရီခွဲခန့် အထိ အစည်းအဝေးပြုလုပ်ခဲ့ကြကြောင်းကိုလည်း ၎င်းတို့ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly