ကရင်ပြည်နယ်မှ စစ်ရှောင်းများအတွက် အဝတ်အထည်နှင့်ရိက္ခာများ လှူဒါန်း

ကရင်ပြည်နယ်မှ စစ်ရှောင်းများအတွက် အဝတ်အထည်နှင့်ရိက္ခာများ လှူဒါန်း

ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားသော နေရာများမှ စစ်ဘေးရှောင်များနှင့် ကရင်တိုင်းရင်း သားရွာသူရွာသားများ၊ KNU စီမံအုပ်ချုပ်နယ်မြေတွင်ခိုလှုံနေသော CDM ဝန်ထမ်းမိသားစုများအား စားနပ် ရိက္ခာနှင့် အဝတ်အထည်များ လှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဝတ်အထည်နှင့်ရိက္ခာများ ထောက်ပံ့လှူဒါန်းခြင်းကို ကိုရဲမင်း(AAC)မဟာမိတ်အဖွဲ့မှဦးဆောင်၍ “နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်” မှ အနုပညာရှင်အချို့နှင့်အတူ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တွင် သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ထိုင်းဘတ်ငွေတစ်သိန်းကျော်ခန့်တန်ဖိုးရှိ ဆန်၊ ဆီ၊ ခေါက်ဆွဲ၊ ငါးသေတ္တာ၊ ဆေးဝါးများ၊ စောင် ၊ခြင်ထောင် နှင့် ရိက္ခာပစ္စည်းများ ဝယ်ယူကာ နေရာသုံးခုအား ခွဲဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly