ယူကရိန်းပြဿနာကြောင့် ဗဟိုနှင့် အရှေ့ဥရောပအစိုးရများက အီးယူနှင့်ပူးပေါင်းလာပြီး တရုတ်ကို ရုရှားမဟာမိတ်အဖြစ် သတ်မှတ်လာ

By The Print
03 June 2022
ယူကရိန်းပြဿနာကြောင့် ဗဟိုနှင့် အရှေ့ဥရောပအစိုးရများက အီးယူနှင့်ပူးပေါင်းလာပြီး တရုတ်ကို ရုရှားမဟာမိတ်အဖြစ် သတ်မှတ်လာ

အမေရိကန်က နေတိုးအဖွဲ့မှတစ်ဆင့် အလယ်ပိုင်းနှင့် အရှေ့ဥရောပအစိုးရ (CEE) နိုင်ငံများကို အဓိပ္ပာယ်ပြည့်ဝသော လုံခြုံရေးအာမခံချက်များ ပေးနေစဉ်တွင် တရုတ်က CEE နှင့် ဆက်ဆံရေးခိုင်မာစေရန် အင်တိုက်အားတိုက် ကြိုးပမ်းနေသော်လည်း CEE က ဥရောပသမဂ္ဂနှင့် အမေရိကန်တို့နှင့် ပူးပေါင်းရန် ဆုံးဖြတ်ထားသည်။

ယူကရိန်းကို ရုရှားကျူးကျော်မှုအပေါ် သိသာလှသော တရုတ်၏ တုံ့ပြန်မှုနှင့် ထိုင်ဝမ်ပေါ် ခြိမ်းခြောက်ခြင်းနှင့် ထိခိုက်စေသည့် နည်းဗျူဟာများ ကျင့်သုံးမှု ရလဒ်အဖြစ် CEE က ယခုကဲ့သို့ ဘက်ယိမ်းလာခြင်းဖြစ်သည်။

'16+1 ဟုသိကြသော တရုတ်နှင့် အလယ်ပိုင်းနှင့်အရှေ့ဥရောပနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှု ၁၀ ​​နှစ်ပြည့်ကို ကျင်းပမည့်အစား ၂၀၂၂ ခုနှစ် ဧပြီလတွင် ကွန်မြူနစ်နိုင်ငံသည် ယူကရိန်းစစ်ပွဲကြောင့် ဆိုးရွားလာသော ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန် ၈ နိုင်ငံခရီးစဉ် ဖိုရမ်အတွက် ၎င်း၏ အထူးကိုယ်စားလှယ်ကို အဆောတလျင် စေလွှတ်ခဲ့သည်ဟု အာရှ-ပစိဖိတ်ဒေသ လေ့လာရေး ရိုမေးနီးယားအင်စတီကျု (RISAP) ၏ ဒုတိယဥက္ကဋ္ဌ အန်ဒရီးယား ဘရင်ဇာက ပြောကြားခဲ့သည်။

CEE နိုင်ငံအများစုသည် ယခုအခါ ဟန်ဂေရီနှင့် ဆာဘီးယားမှအပါ အီးယူကျန်နိုင်ငံများ၊ အမေရိကန်၊ ဂျပန်၊ ထိုင်ဝမ်တို့နှင့် အခိုင်အမာ ချိတ်ဆက်မိနေစဉ်တွင် တရုတ်သည် 16+1 အားဖြင့် CEE နှင့် ဆက်ဆံရေးခိုင်မာရန် အကြိမ်ကြိမ်ကြိုးစားနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

CEE နိုင်ငံများသည် စီမံကိန်းဖျက်သိမ်းခြင်း၊ ဝေဖန်ပြောဆိုမှုထုတ်ပြန်ချက်များ၊ သူလျှိုလုပ်သည်ဟု စွပ်စွဲခံထားရသည့် Huawei ဝန်ထမ်းတစ်ဦးကို ဖမ်းဆီးခြင်းနှင့် ထိုင်ဝမ်နှင့် ခိုင်မာသောဆက်ဆံရေးကို ပြုစုပျိုးထောင်ခြင်းအားဖြင့် တရုတ်နိုင်ငံအပေါ် ၎င်းတို့၏ မကျေနပ်မှုများကို ပြသခဲ့ကာ Huawei ကို ပစ်မှတ်ထားသော နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပြီး အမေရိကန်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ကိုယ်ရေးကိုယ်တာအချက်အလက်၊ လုံခြုံရေးနှင့် အာဏာရှင်နိုင်ငံများ၏ လူ့အခွင့်အရေးဆိုင်ရာ ရေရှည်ခြိမ်းခြောက်မှုများကို ဖြေရှင်းရန် အမေရိကန်ဦးဆောင်သော Clean Network ကို ဖွဲ့စည်းထားသည်ဟု Nikkei Asia က ဖော်ပြသည်။

CEE နိုင်ငံများသည် ယခုအခါ တရုတ်၏ ဆန္ဒပြမှုများနှင့် ခြိမ်းခြောက်မှုများကို လျစ်လျူရှုကာ ထိုင်ဝမ်နှင့်ဆက်ဆံရေးကို ခိုင်မာအောင် တက်ကြွစွာ လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly