ပျူစောထီးပူးပေါင်း စစ်ကောင်စီတပ်ကို တမူး PDF တိုက်ခိုက်

ပျူစောထီးပူးပေါင်း စစ်ကောင်စီတပ်ကို တမူး PDF တိုက်ခိုက်

အောက်တိုဘာ ၁၄

တမူးမြို့နယ်တွင်း စစ်ကောင်စီတပ်နှင့်၎င်းတို့၏အပေါင်းပါ ပျူစောထီးများကို ဒေသခံကာကွယ်ရေးတပ်က အထူးစစ်ဆင်ရေးဖြင့် ဝင်တိုက်မှုလုပ်ခဲ့ကြောင်း မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် အာရှလမ်းပေါ်ရှိ ရန်ငြိမ်းအောင်ရွာ အနီးဝန်းကျင်တွင် ယနေ့ ညနေ ၃နာရီ ၁၂မိနစ်အချိန်တွင် စစ်ကောင်စီတပ်နှင့် ပန်းသာပျူစောထီးများကို တမူး PDF တပ်ရင်း (၃)က “မြွေဟောက်နက် အထူး စစ်ဆင်ရေး” ဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူများရှိပြီး လက်နက်များသိမ်းဆည်း ရမိကြောင်း PDF ဘက်ကပြောကာ အသေးစိတ်ကိုနောက်ပိုင်းတွင် ထုတ်ပြန် မည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required