တမူးမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့ သွားရောက်တိုက်ခိုက်

By ပါခွီး (မဇ္စျိမ)
29 August 2023
တမူးမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့ သွားရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင်  ဩဂုတ်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်စခန်းတခုကို ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တမူးမြို့နယ်၊ ထင်းဇင်နှင့် ဘုက္ကန်ကျေးရွာအကြားရှိ Y.C.D.C ကုမ္ပဏီ ကျောက်မီးသွေးဝင်းအတွင်း  အင် အား ၆၀ ခန့်ဖြင့် အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်းကို နံနက် ၇ နာရီခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့ က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိကာ NLA ဘက်မှ ရဲဘော် တဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းအမျိုးသား လွတ်မြောက်ရေးတပ်တော်(NLA)တာဝန်ရှိသူက ပြောသည်။

“ထိတွေ့တိုက်ပွဲအတွင်းမှာ MI 35 နဲ့ လေကြောင်းပစ်ကူ နှစ်ကြိမ်လာပါတယ်။ ဒုတိယအကြိမ်မှာ MI 35 ကပတ်ပြီးပစ်ကူပေးတဲ့အချိန်မှာ MI 17 က စစ်ကူနဲ့ ထောက်ပို့တွေချပြီး ဒဏ်ရာရတဲ့သူတွေကို သယ်သွား တယ်” ဟု NLA တပ်ဖွဲ့ တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ကလည်း Y.C.D.C ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို NLA နှင့် မဟာမိတ်များဖြစ်သော ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)၊ ထာလ်ဒိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TDA)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံး ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

ရုပ်သံအညွှန်း - လေကြောင်းမှ တပ်အင်အားတိုးချဲချထားခြင်းပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့လေယာဉ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly