မြင်းခြံတွင် Zero ပြောက်ကျားတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

မြင်းခြံတွင် Zero ပြောက်ကျားတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

စက်တင်ဘာ ၁၃

မန္တလေးတိုင်း၊ မြင်းခြံမြို့ အရှေ့ဘက်ခြမ်း ယုန်ထိုး-ထိန်ပန်း လမ်းမပေါ်တွင် ဆိုင်ကယ်များနှင့် ကင်းလှည့်နေသည့် စစ်သားများအား Zero ပြောက်ကျားတပ်ဖွဲ့မှ အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်မှုကို ယနေ့ စက်တင်ဘာ ၁၃ ရက် ညနေ့ ၄ နာရီ ၄၅ မိနစ်ခန့်ကပြုလုပ်ခဲ့ပြီး ယင်းတိုက်ခိုက်မှုတွင် စစ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

"သူတို့က ကင်းအမြဲလှည့်နေကြတာ။ ဆိုင်ကယ် ငါးစီးနဲ့ တစ်စီးကို နှစ်ယောက်စီလှည့်ကြတာ အပြန်မှာ ကျွန်တော်တို့ဘက်က အဝေးထိန်းပုံစံနဲ့ မိုင်းနှစ်လုံး နှစ်ထပ်ဆင့် တစ်တွဲစီခွဲခဲ့တာ။ သူတို့ဘက်က ၆ ယောက်သေတယ်။ ကျန်တဲ့မထိတဲ့ သူတွေကတော့ အဲဒီနားမဲမဲမြင်ရာ ရမ်းသမ်းပစ်ပြီး ပြန်သွားတယ်"ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မူတွင် ဆိုင်ကယ် သုံးစီးထိခိုက်၍ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ ထိခိုက်မှုမရှိသည့် ဆိုင်ကယ်နှစ်စီးဖြင့် စစ်သားလေးဦးမှာ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly