နျူဓာတ်ပေါင်းဖို တည်ဆောက်မယ့် မြန်မာစစ်ခေါင်းဆောင်ရဲ့ အကြံအစည်ကို နိုင်ငံတကာက သေချာ စောင့်ကြည့် စစ်ဆးဖို့ တိုက်တွန်း

နျူဓာတ်ပေါင်းဖို တည်ဆောက်မယ့် မြန်မာစစ်ခေါင်းဆောင်ရဲ့ အကြံအစည်ကို နိုင်ငံတကာက သေချာ စောင့်ကြည့် စစ်ဆးဖို့ တိုက်တွန်း

မြန်မာနိုင်ငံမှာ ပြည်သူတွေကို သတ်ဖြတ်နေတဲ့  မြန်မာစစ်တပ်က နူကလီးယားဓာတ်ပေါင်းဖို တည်ဆောကဖို့ ကြိုးပမ်းနေမှုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက သေချာစွာ‌စောင့်ကြည့် စစ်ဆေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

နယူးယောက်မြို့မှာ အောက်တိုဘာ ၁၇ ရက်က ကျင်းပတဲ့ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ)ရဲ့ “နျူကလီးယားလက်နက်များ” ဆွေးနွေးမှုမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်အပေါ် အပြည့်အဝလက်နက်ပိတ်ပင်ခြင်းကသာ ပြည်သူများအပေါ် ၎င်းတို့ ကျူးလွန်နေတဲ့ ရက်စက်သတ်ဖြတ်အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ဒါကြောင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မြန်မာစစ်တပ်အား လက်နက်နဲ့ဆက်စပ်ပစ္စည်များ ရောင်းချနေမှုကို ရပ်တန့်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း ၊နိုင်ငံတကာအသိုက် အဝန်းအနေနဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ဖို့  ရည်ရွယ်နေတဲ့  မြန်မာစစ်တပ်အား သေချာ စောင့်ကြည့်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံ အခြေအနေမှာ အလွန်းအမင်းဆိုးရွားနေပြီး  စစ်တပ်ကတော့ တခြားနိုင်ငံတွေက တင်သွင်း ပေးပို့တဲ့ စစ်လေယာဉ်တွေ ၊ လက်နက်ကြီးတွေနဲ့ အခြား စစ်လက်နက် ပစ္စည်းတွေကို အသုံးပြုပြီး လူသား အရင်းအမြစ်အပေါ် ကျူးလွန်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ပြုလုပ်နေတယ်လို့လည်း ပြောကြားပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နျူကလီးယားကင်းမဲ့ဇုန်အဖွဲ့ဝင်နိုင်ငံ ဖြစ်တာနဲ့အညီ နျူကလီးယား လက်နက်ဖျက်သိမ်းရေးအတွက် နျူကလီးယားလက်နက် ကင်းမဲ့ဇုန်တွေရဲ့ အရေးပါမှုကို သဘောတူတယ်လို့  မြန်မာသံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ အလုံးစုံ ဖျက်သိမ်းရေးအပေါ် ထပ်လောင်းကတိပြုလိုကြောင်း၊ နျူကလီးယားလက်နက်တွေ ကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်ပေါ်လာရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ၂ဝ၂၃ ခုနှစ်မှာလည်း မြန်မာနိုင်ငံအနေနဲ့ အပြည့်အဝလက်နက်ဖျက်သိမ်းရေးကို ရှေးရှုပြီး နှစ်စဉ်တင်သွင်းမြဲဖြစ်တဲ့ “Nuclear Disarmament” အဆိုမူကြမ်း

တစ်ရပ်ကို တင်သွင်းထားပြီး ဖြစ်ကြောင်း၊ အဆိုမူကြမ်းအပေါ် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထောက်ခံပံ့ပိုးမှု၊ ပူးတွဲအဆိုရှင်အဖြစ် ပါဝင်မှုတွေအတွက် ကျေးဇူးတင်ကြောင်း ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

မြန်မာစစ်ကောင်စီနဲ့ ရုရှားတို့ နျူဓာတ်ပေါင်းဖိုဆောက်လုပ်ရေးဆိုင်ရာ အခြေခံအဆောက်အဦအတွက် လိုအပ်ချက်တွေ လေ့လာဆန်းစစ် ဖော်ထုတ်ရေးနဲ့ အခြေခံအဆောက်အဦတွေ တည်ဆောက်ရေးဆိုင်ရာ MOU သဘောတူညီမှု စာချုပ်သစ် ပြီးခဲ့တဲ့ သီတင်းပတ်က ချုပ်ဆိုခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကတော့ နျူကလီးယားစက်ရုံတည်ဆောက်ဖို့ ရုရှနိုင်ငံနဲ့ သဘောတူထားပြီး စက်ရုံပုံစံငယ် တခုကို ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင်စက်ရုံ တည်ဆောက်ဖို့နဲ့ ပတ်သက်ပြီးလည်း စစ်ကောင်စီ လက်အောက်ခံဝန်ကြီးဌာနနဲ့  ရုရှားအစိုးရပိုင် Rosatom ကော်ပိုရေးရှင်းတို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက MOU နားလည်မှုစာချွန်လွှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly