မြင်းခြံမြို့နယ်တွင် ဧရာ၀တီမြစ်အတွင်း မောင်းနှင်နေသည့် စစ်ကောင်စီရေယာဥ် တိုက်ခိုက်ခံရ

By ရောင်နီ (မဇ္စျိမ)
21 June 2023
မြင်းခြံမြို့နယ်တွင် ဧရာ၀တီမြစ်အတွင်း မောင်းနှင်နေသည့် စစ်ကောင်စီရေယာဥ် တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊  မြင်းခြံမြို့နယ်ရှိ ဧရာ၀တီမြစ်အတွင်း မောင်းနှင်လာသည့် စစ်ကောင်စီ ရေယာဥ်ကို တိုက်ခိုက်ရာ အထိအခိုက်ရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၃) က သတင်းထုတ်ပြန်သည်။

မြင်းခြံမြို့နယ်၊ လင်ကြီးဆိပ်ကမ်းအနီးရောက်ရှိလာသည့် စစ်ကောင်စီတပ်၏ အမြန်ရေယာဥ်တစ်စီးကို  ဇွန်လ ၁၈ ရက်နေ့၊ ညနေ ၅ နာရီအချိန်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ၀ိုင်း၀န်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့သို့ပစ်ခတ်မှုကြောင့် ရေယာဥ်ပေါ်တွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားနိုင်ကြောင်း  မြင်းခြံခရိုင် တပ်ရင်း(၃)က ဆိုသည်။
စစ်ကောင်စီရေယာဥ်ကို ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ရုပ်သံဖိုင်ကိုလည်း ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေကို မဇ္စျိမအနေ ဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ရန် ဆက်လက်စုံစမ်းနေသည်။

“ မြင်းခြံတောင်သာတ၀ိုက်မှာတော့ တဖက်နဲ့တဖက် အားစမ်းနေတဲ့သဘောရှိတယ်။ စစ်ကြောင်းရှိရင် တော့ရှောင်တယ်။ မိုင်းဆွဲသွားရင်ဆွဲတယ်၊ မိုင်းဆွဲဖို့ အခွင့်မသာရင် သူတို့ရောက်နေတဲ့ အထိုင်စခန်းတွေ ကို သွားရောက်ပစ်ခတ်တာတွေရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တဦးကပြောသည်။ 

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း(၃)၊ Burmese Guerilla Force-BGF ၊ မိုရှေဒါယန် ပြောက် ကျားတပ်ဖွဲ့၊ အမေ့လက်ရုံးတပ်ဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required