ဂိုဂရာနှင့် ရေပူဆန်းနေရာများ၌ ပစ်ခတ်မှုများ ဆက်မဖြစ်စေရေး အိန္ဒိယနှင့် တရုတ်တို့ သဘောတူညီမှု နီးစပ်လာသော်လည်း ဒတ်ပ်ဆန် တွင် မဖြစ်နိုင်သေး

ဂိုဂရာနှင့် ရေပူဆန်းနေရာများ၌ ပစ်ခတ်မှုများ ဆက်မဖြစ်စေရေး အိန္ဒိယနှင့် တရုတ်တို့ သဘောတူညီမှု နီးစပ်လာသော်လည်း ဒတ်ပ်ဆန် တွင် မဖြစ်နိုင်သေး

အိန္ဒိယနှင့် တရုတ် ထိပ်တန်းစစ်ရေးခေါင်းဆောင်များ ပြီးခဲ့သည့် သတင်းပတ်က တွေ့ဆုံဆွေးနွေးပွဲအတွင်း အိန္ဒိယနိုင်ငံ လာဒတ်ချ်ဒေသအရှေ့ပိုင်းရှိ ဂိုဂရာနှင့် ရေပူဆန်းနေရာများတွင် တပ်စွဲထားသည့် ကိစ္စ အငြင်းပွားမှုမှာ အပြီးသတ်အဖြေရရန်နီးကပ်လာပြီဖြစ်သော်လည်း ဒတ်ပ်ဆန်ဒေသအကျပ်အတည်းကို ဖြေရှင်းရေးအတွက်မူ မည်သည့်နည်းလမ်းမှမရှိသေးကြောင်း သြဂုတ်လ ၂ရက်တွင် သတင်းရင်းမြစ်များကဆိုသည်။

သြဂုတ်လ ၂ရက်တွင် ထုတ်ပြန်ခဲ့သော ပုံမှန် ပူးတွဲကြေညာချက်တွင် လာဒတ်ချ် အရှေ့ပိုင်း တွင် စစ်ရေးထိပ်တိုက်တွေ့မှုများ ၁၅ လကြာဖြစ်ပွားပြီးနောက် ကျန်ရှိနေသေးသော ပြဿနာများကို ဖြေရှင်းရန် တည်ဆဲသဘောတူညီချက်များနှင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ မြန်ဆန်ထိရောက်သော နည်းလမ်း ဖြင့် ဇူလိုင်လ ၃၁ရက်တွင် ၁၂ ကြိမ်မြောက် တပ်မှူးအဆင့်ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်း နေရာအတိအကျကို မဖော်ပြခဲ့ပေ။

အပြုသဘောဆောင်ခဲ့သည့် ၉ နာရီကြာစစ်ရေးဆွေးနွေးမှုတွင် အရှေ့ဘက်လာဒတ်ချ်ဒေသရှိ စစ်မှန် သောထိန်းချုပ်မျဉ်း (LAC) တစ်လျှောက် သဘောတူညီချက် မရသေးသည့် ဧရိယာများနှင့် ပတ်သက်၍ အမြင်များကို နက်နက်ရှိုင်းရှိုင်း အပြန်အလှန်ပွင့်လင်းမြင်သာစွာနွေးဆွေးခြင်းဖြင့် နားလည်မှုပိုမိုရရှိခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရေပူစမ်း-ဂိုဂရာ-ခုန်းခါလာဧရိယာများရှိ ကင်းလှည့်စခန်းများဖြစ်သော ၁၅၊ ၁၇ နှင့် ၁၇ (က) များ၏ အကြပ်အတည်းများကို အဆင့်အလိုက် တွေ့ဆုံဖြေရှင်းခြင်းဖြင့် တိုးတက်မှုအချို့ရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ဧပြီ ၉ ရက်တွင် ပြုလုပ်ခဲ့သည့် ၁၁ ကြိမ်မြောက် ဆွေးနွေးအပြီးတွင် ပူးတွဲကြေညာချက်မထုတ်ပြန်ခဲ့သဖြင့် ရလဒ်ကောင်းများကို မျှော်လင့်လျှက်ရှိကြသည်။

လက်တွေ့တွင် အခြေအနေမည်ကဲ့သို့ရှိသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်ပြီး အထူးသဖြင့် တရုတ်ပြည်သူ့လွတ် မြောက်ရေး တပ်မတော်(PLA) က ဂိုဂရာနှင့် ရေပူစခန်းစခန်းများမှ တပ်များကို ရုပ်သိမ်းရန်၂၀၂၀ပြည့်နှစ်က ၂ ကြိမ် သဘောတူခဲ့သော်လည်း လက်တွေ့မဖြစ်ခဲ့ပေ။

ဒတ်ပ်ဆန်နှင့် ဒမ်ချော့ခ်ပြဿနာများကို ဖြေရှင်းရန် အချိန်ပိုမိုကြာမြင့်လိမ့်မည်ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

ထိရောက်သော ကြိုးပမ်းမှုများဆက်လက်လုပ်ဆောင်လျက် ကြားကာလတွင် ထိန်းချုပ်မျဉ်းတစ်လျှောက် တည်ငြိမ်အေးချမ်းမှုရှိစေရန် ၂ နိုင်ငံစလုံးက ကတိပြုခဲ့ပြီး ဆွေးနွေးမှုများအရှိန်မြင့်လုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly