ဘားအံမြို့နယ်မှာ KNU နဲ့ စစ်ကောင်စီတပ်အကြား ၁ နာရီနီးပါးကြာ တိုက်ပွဲဖြစ်

ဘားအံမြို့နယ်မှာ KNU နဲ့ စစ်ကောင်စီတပ်အကြား ၁ နာရီနီးပါးကြာ တိုက်ပွဲဖြစ်
ဓာတ်ပုံ- သူလေးသတင်းစဉ်

ဇူလိုင် ၁၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ KNU နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ဇူလိုင်လ ၁၂ ရက်နေ့ ည ၈ လောက်မှာ တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ KNU သတင်းနဲ့ ပြန်ကြားရေး သူလေးသတင်းစဉ်မှာ ရေးသားထားပါတယ်။

ဘားအံမြို့နယ် တကောင်ဘိုးကျေးရွာအုပ်စု၊ မီးပုံးကျေးရွာ အနီးမှာ KNLA တပ်ရင်း (၁) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်အကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာဖြစ်ပြီး KNLA ဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

ဓာတ်ပုံ- သူလေးသတင်းစဉ်

ဒီကနေ့ မနက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်ခဲ့တဲ့ မီးပုံးကျေးရွာကနေ ဝါးဘိုးတောလမ်းဆုံအထိ အကြမ်းဖက် စစ်တပ်က လမ်းကင်းတွေကို တောက်လျှောက်ချထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ကရင်ပြည်နယ် KNU ထိန်းချုပ်နယ်မြေအတွင်းမှာ KNU တပ်ဖွဲ့ဝင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး KNU တပ်မဟာ (၅) နယ်မြေမှာ ဇွန်လအတွင်းက တိုက်ပွဲအကြိမ်ရေ ရာချီရှိခဲ့ပါတယ်။
ဓာတ်ပုံ- သူလေးသတင်းစဉ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required