စစ်ကောင်စီဟာ “ရှုံးနေတဲ့ ဘောလုံးအသင်းနဲ့ တူနေတယ်” လို့ KNU ‌ပြော

စစ်ကောင်စီဟာ “ရှုံးနေတဲ့ ဘောလုံးအသင်းနဲ့ တူနေတယ်” လို့ KNU ‌ပြော

မကြာခဏ လူအစားထိုး လဲလှယ်တာတွေ လုပ်နေရတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ “ရှုံးနေတဲ့ ဘောလုံးအသင်းနဲ့ တူနေတယ်” လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက မဇ္ဈိမနဲ့ သီးသန့်အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီဟာ စစ်အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော် ကြာလာတဲ့အချိန်မှာ နိုင်ငံရေးတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲတွေမှာ အထိနာတဲ့အပြင် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု၊ ဘဏ္ဍာရေး ဒဏ်ခတ်ပိတ်ဆို့မှု အကျပ်အတည်းတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။

လာမယ့်အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို စစ်ကောင်စီက ခမ်းခမ်းနားနား ကျင်းပဖို့ ပြင်ဆင်နေတာပါ။

ဒီလိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနေပေမယ့် အာဏာသိမ်း စစ်ကောင်စီအတွက် နိုင်ငံရေးထွက်ပေါ် မရှိတော့ဘူးလို့လည်း KNU က ပြောပါတယ်။

KNU ပြောခွင့်ရသူ ပဒိုစောတောနီးနဲ့ မဇ္ဈိမ သီးသန့် အင်တာဗျူး အပြည့်အစုံကို အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီမှာ Mizzima TV နဲ့ တခြား Mizzima platforms တွေမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly