ကျောက်တော်မြို့ စစ်ဘေးရှောင်စခန်းရှိ ကလေးငယ်များ အရေပြားရောဂါဖြစ်ပွား

ကျောက်တော်မြို့ စစ်ဘေးရှောင်စခန်းရှိ ကလေးငယ်များ အရေပြားရောဂါဖြစ်ပွား

ဇွန် ၂၃

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကန်စောက်စစ်ဘေးရှောင်စခန်းရှိ အသက်၅နှစ်အောက် ကလေးငယ် ဆယ်ယောက်ကျော် အရေပြားရောဂါဖြစ်ပွားနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

"အနီစက်တွေ ၊အဖုအပိတ်တွေ ထွက်နေတာပေါ့။ အထူးသဖြင့် ငါးနှစ်အောက်ကလေးတွေ ဖြစ်နေတာပါ''ဟု လတ်တလောဖြစ်ပွားနေမှုအခြေအနေကို ဦးဇော်ဇော်ထွန်းက ပြောသည်။

လတ်တလောတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့်မသန့်ရှင်းသည့် ရေများ သုံးစွဲနေရခြင်း ရှိကြောင်း REC အတွင်းအရေးမှူးမှ ဆက်လက်ပြောသည်။

"ဒီရက်ပိုင်းတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေရှိတယ်။ မသန့်မရှင်းတဲ့ ရေတွေကို သုံးစွဲနေရတာတော့ရှိတယ်''ဟု  ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

အဆိုပါ ကန်စောက်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၆၄စု ရှိပြီး လူဦးရေ ၂၅၀ ဝန်းကျင် ရှိသည်ဟု သိရသည်။

လက်ရှိတွင် မိုးသည်းထန်စွာ ရွာသွန်းနေမှုများကြောင့်ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းများတွင် ရေကြီးရေလျှံမှုများနှင့် ကပ်ရောဂါဆိုးများကို ခံစားနေကြရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly