အိမ်နီးချင်းနိုင်ငံများမှ သဘောတူလိုက်လျောစေရန် နယ်စပ်ပဋိပက္ခများအား တရုတ် ထိန်းထား

အိမ်နီးချင်းနိုင်ငံများမှ သဘောတူလိုက်လျောစေရန် နယ်စပ်ပဋိပက္ခများအား တရုတ် ထိန်းထား

နိုဝင်ဘာ ၂၅ ၊ ၂၀၂၀

တရုတ်သည် အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုကြီးမားသော ပြဿနာများတွင် သဘောတူလိုက်လျောလာစေရရန် နည်းဗျူဟာတစ်ခုအဖြစ် နယ်စပ်ပဋိပက္ခများအား ပိုမိုအားပေးလာခဲ့ကြောင်း မဟာဗျူဟာကျွမ်းကျင်သူ ဘာတေးလ်လစ်တနာ ကဆိုသည်။

၁၉၆၂ အိန္ဒိယ-တရုတ်စစ်ပွဲနှင့် လတ်တလော လာဒက်ခ် ဒေသတိုက်ပွဲအရ လစ်တနာ က အေးရှားတိုင်းမ်၏ ထင်မြင်ချက်အပိုင်းတွင် “တရုတ်က ဒီကာလရှည်ကြာဖြစ်ပွားနေတဲ့ ခါးသီးတဲ့ နယ်စပ်ပဋိပက္ခကို ဖြေရှင်းဖို့ တစ်ကယ်နည်းလမ်းရှာနေသလား ဒါမဟုတ် ဒီနယ်စပ်တွေကို အရှုပ်အတိုင်းထားတာက အိမ်နီးချင်းတွေနဲ့ ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ တစ်ခြားအရေးတွေကို ညှိနှိုင်းဖို့ တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒအတွက် ထားတဲ့ ကိရိယာတစ်ခုခုလား”ဟူ၍ ဆိုခဲ့သည်။
 
ဖွံ့ဖြိုးဆဲကမ္ဘာမှ အမေရိကန်နှင့် ကမ္ဘာပေါ်တွင် လွှမ်းမိုးမှု ပြိုင်ဆိုင်နိုင်သည့် အင်အားကြီးနိုင်ငံအဖြစ် ပေကျင်း၏ လတ်တလော တိုးတက်လာမှုနှင့်အတူ တရုတ်နယ်နိမိတ်များသည် ပိုမိုပြင်းထန်လာပြီး ထိုအရေးများသည် လက်ရှိတွင် အိန္ဒိယနှင့် အများဆုံး အငြင်းပွားဖွယ်ဖြစ်နေကြောင်း လေ့လာသုံးသပ်သူက ဆိုသည်။

“အိန္ဒိယက သူ့နယ်မြေလို့သတ်မှတ်ထားတဲ့ အက်ခ်ဆိုင် ချင်း လို့ခေါ်တဲ့ ဟိမဝန္တာအနောက်ပိုင်းဒေသကို ထိန်းချုပ်နေတာအပြင် အိန္ဒိယ အရှေ့မြောက်ဘက်ပိုင်း ပြည်နယ် အရူနချာလ် ပရာဒက်ရှ် ရဲ့ ဒေသတော်တော်များများကိုလဲ တရုတ်က တောင်းဆိုနေတယ်။ ၁၉၅၀ ပြည့်နှစ် အစောပိုင်းမှာ တရုတ်က တိဘက်ကို သိမ်းပိုက်ပြီးတဲ့အချိန်မှာ ပေကျင်းနဲ့ တရားဝင်သံတမန်ဆက်ဆံရေးမရှိတဲ့ တစ်ခုတည်းသော အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘူတန်နဲ့လည်း နယ်စပ်ပဋိပက္ခဖြစ်ခဲ့တယ်”ဟု ,” လစ်တနာ  ကရေးသားခဲ့သည်။
 
တရုတ်၏ အိမ်နီးချင်းနိုင်ငံငယ်လေး နီပေါအား ဥပမာထား၍ “အခုအချိန်ထိ တရုတ်နဲ့ နီပေါကြားမှာ အဓိက နယ်စပ် ပြဿနာ တစ်ခုပဲရှိခဲ့တယ်။ ဧဝရတ်တောင်အမြင့်ကို တရုတ်က ၈,၈၄၄ မီတာ လို့ ပြောပြီး နီပေါက ၈,၈၄၄ မီတာရှိတယ်လို့ပြောနေတယ်။ ဒါပေမဲ့ စက်တင်ဘာလမှာ ဟူမလာအနောက်ပိုင်း ဒေသတစ်စိတ်တစ်ပိုင်းဖြစ်ပြီး နီပေါက သူ့နယ်မြေလို့ဆိုထားတဲ့ နေရာမှာ တရုတ်က အဆောက်အဦ ၁၁ ခုဆောက်ခဲ့တဲ့အချိန်မှာ နှစ်နိုင်ငံက နယ်မြေအငြင်းပွားတာတွေမှာ ပါလာတယ်” ဟု သူက ရေးသားခဲ့သည်။
 
ပေကျင်းသည် ရရှားကဲ့သို့ နိုင်ငံမျိုးနှင့်ပင် စစ်ဖြစ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း လစ်တနာ က ဆိုသည်။ “တရုတ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ နယ်စပ်ပဋိပက္ခက ၁၉၆၉မှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ စစ်ပွဲအသေးလေးဖြစ်စေခဲ့တယ်။ ပဋိပက္ခက Ussuri မြစ်မှာရှိတဲ့ ကျွန်းတွေကြောင့် ဖြစ်သလိုပဲ။ ဒါပေမဲ့ တစ်ကယ်က ကွန်မြူနစ်အသိုင်းအဝိုင်းအတွင်း အဲဒီအချိန်တုန်းက အဓိကရန်သူနဲ့ ပြိုင်ဘက်ကို တရုတ်က အင်အားပြသချင်တာပဲဖြစ်တယ်”ဟု သူကဆိုသည်။
 
“ဒီနှစ် ဇူလိုင်မှာ တရုတ်သံအမတ်တွေ၊ စာနယ်ဇင်းသမားတွေနဲ့ အမျိုးသားရေးဝါဒီသမားတွေက ရုရှားမြို့ Vladivostok က Haishenwai အမည်ရ တရုတ်မြို့ဖြစ်ကြောင်း လူတွေကို သိအောင် အင်တာနက်ပေါ်မှ ဖွနေကြတယ်။ ၁၈၆၀ ပြည့်နှစ်တွေမှာ အပြီးသတ်ခဲ့တဲ့ မမျှတတာတွေရှိတယ်လို့ အရင်စာချုပ်အဟောင်းတွေ တရုတ်အခေါ် “မမျှတတဲ့ စာချုပ်” အပြီး ရရှားအပိုင်ဖြစ်သွားတာ” ဟု ဆိုသည်။

 လစ်တနာ ၏  အေရှားတိုင်းမ်မှ အစီရင်ခံစာတွင် တရုတ်သည် ရရှားအရှေ့အစွန်းပိုင်းရှိ ဓာတ်ငွေ့များတင်သွင်းခြင်း အပါအဝင် ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးရာတွင် အသာရစေရန် မော်စကိုနှင့် နယ်စပ်ပဋိပက္ခဖြစ်ရန် လုပ်ဆောင်နေကြောင်း  ထည့်သွင်းဖော်ပြထားသည်။
အိန္ဒိယနှင့် ပတ်သတ်၍လည်း ဟိမဝန္တာတွင် ဆောင်းရာသီနီးကပ်လာချိန်တွင် ပေကျင်းသည် အခြေအနေကို ပိုမိုဆိုးဝါးစေရန် ဆန္ဒမရှိသော်လည်း နယ်စပ်အတွက် အမြဲတမ်း ဖြေရှင်းချက်အားလည်းရှာဖွေနေခြင်းလည်း မရှိကြောင်း မဟာဗျူဟာ စဉ်းစားတွေးခေါ်သူက ဆိုသည်။
 
“နယ်စပ်ပဋိပက္ခတွေက တရုတ်ရဲ့ ဒေသတွင်း အာဏာပြမှုဖြစ်ပြီးတော့ သူ့ရဲ့ အိမ်နီးချင်းတွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ ညှိနှိုင်းမှုတွေမှာ သံတမန်ရေး အာဏာအသာရထားဖို့ လုပ်ဆောင်တာဖြစ်တယ်။ အချိန်နဲ့အမျှ တင်းမာမှုတွေ ဆိုးလာတဲ့အချိန်မှာ ပဋိပက္ခတွေက နယ်မြေကြောင့်ဆိုတာထက် တရုတ်က သူ့ကိုယ်သူ အလယ်ပိုင်း နိုင်ငံတော်လိုမျိုးအဖြစ် ကမ္ဘာ့အမြင်မှာ အာဏာပြချင်တာပါ”ဟု လစ်တနာ က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required