UEC အတည်ပြုပြီးမှသာ မဲစာရင်းကဒ်ရမည် ညွှန်ကြားချက် ဥပဒေနှင့်မညီလို့ NLD လက်မခံဟုထုတ်ပြန်

UEC အတည်ပြုပြီးမှသာ မဲစာရင်းကဒ်ရမည် ညွှန်ကြားချက် ဥပဒေနှင့်မညီလို့ NLD လက်မခံဟုထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကအတည်ပြုပြီး၊ ပြည်နယ်နှင့်တိုင်းများတွင် ကြေညာသည့်အချိန်မှ မဲစာရင်းများကို ကပ်ထားရမည်ဟု UEC ညွှန်ကြားချက်သည် ရွေးကောက်ပွဲနည်းဥပဒေကို လွှမ်းမိုးနေသဖြင့် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လက်မခံနိုင်ဟု နိုဝင်ဘာ ၈ရက်၊ ညပိုင်းတွင် ထုတ်ပြန်သည်။

ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ ကိုယ်စားလှယ်လောင်းအသီးသီးတို့ ရရှိသည့်ကြိုတင်မဲစာရင်းနှင့် အခြားမဲစာရင်းများကို သက်မှတ်ပုံစံများဖြင့် သက်ဆိုင်ရာမဲရုံများတွင် ကပ်ထားပြီးမိတ္တူတစ်စောင်ကို မြို့နယ်သို့ပေးအပ်ကာ မိမိတို့မှလည်း လက်မှတ်ရေးထိုးရယူထားရမည်ဖြစ်သည်။

သို့သော် UEC ကမူ ၎င်းတို့မဲရလဒ်ကို မထုတ်ပြန်ရသေးသည့် အချိန်အတွင်း ယင်းသို့မဲစာရင်းများကပ်ခြင်း ကိုမပြုလုပ်ရန် နိုဝင်ဘာ ၄ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်က နည်းဥပဒေအပေါ်လွှမ်းမိုးမှုရှိနေသဖြင့် အတိုက်အခံပါတီ NLD က လိုက်နာနိုင်မည် မဟုတ်ကြောင်းကို နိုဝင်ဘာ ၈ရက်၊ ညပိုင်းတွင်တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် မဲပေးကြသည့် နိုဝင်ဘာ ၈ရက်နေ့ မဲပေးချိန်အပြီးတွင် အတိုက်အခံပါတီက မြို့နယ်အများစုတွင် အနိုင်ရသည့် ရလာဒ်များရရှိနေသည်။

အချို့နယ်မြေများတွင်လည်း အကြောင်းအရာမခိုင်လုံသည့် ကြိုတင်မဲများရောက်ရှိလာပြီး၊ ပြည်ခိုင်ဖြိုးပါတီ က မဲအရေအတွက် ထပ်မံတိုးမြှင့်ရရှိနေသည့် မြို့နယ်အချို့လည်း ရှိနေသည်။

ရွေးကောက်ပွဲနောက်ဆုံးရလာဒ်ကိုမူ UEC က ရွေးကောက်ပွဲအပြီး တစ်ပတ်အလိုမှသာ ထုတ်ပြန်ကြေညာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required