ကောလင်းမြို့ရေကြီးပြီး ဒေသခံတွေပြောင်းရွှေ့နေရ

ကောလင်းမြို့ရေကြီးပြီး ဒေသခံတွေပြောင်းရွှေ့နေရ
ဓာတ်ပုံ- ကောလင်းမြို့ခံ ကိုအောင်မျိုးဝေဖေ့စ်ဘုတ်မှ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် အောက်တိုဘာ ၉ရက်တွင် မိုးကြီး ရေလျှံပြီး ဒေသခံများ စတင်ပြောင်းရွှေ့နေရပြီဟု သိရသည်။

"ကောလင်းကတော့စံချိန်တစ်ခုထပ်ချိုးလိုက်ပါပြီ။ ကောလင်းမြို့ပေါ်ရေဝင်ရောက်မူဟာ
၉၅-၉၆ ကို စံချိန်ချိုးသွားပါတယ်။ မထင်မှတ်တဲ့နေရာတွေမှာ ရေဝင်ရောက်ခဲ့လို့ကြီးမားတဲ့ဆုံးရှုံးမူတွေ ကြုံတွေ့ခဲ့ရပြီ။ နယ်တွေရေဘေးသင့်တုံးက ကယ်တင်ခဲ့ကြတဲ့သူရဲကောင်းတွေကိုယ်တိုင် အလစ်တိုက်ခံလိုက်ရပြီ။ မြို့လယ်ခေါင်ဘူတာအဆင်းမှာကို ရေက ခါးကျော်နေတယ်။ ဆေးရုံ အချုပ်ခန်း တွေ ပြောင်းရွေ့ထားရတယ်"ဟု ကောလင်းမြို့ခံ ကိုအောင်မျိုးဝေက ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required