အနုပညာရှင် ၂၀ နီးပါး ပုသိမ်တွင် NLD ကို သွားရောက် ဝန်းရံ

အနုပညာရှင် ၂၀ နီးပါး ပုသိမ်တွင် NLD ကို သွားရောက် ဝန်းရံ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး လှုပ်ရှားမှုအဖြစ် ဒါရိုက်တာ ကြည်ဖြူသ ျှင် ဦးဆောင်သည့် အဆိုတော်များစွာပါဝင်သော အနုပညာရှင်များသည် အောက်တိုဘာ ၁၀ ရက် တွင် ပုသိမ်မြို့တွင်း လှည့်လည် ဖျော်ဖြေမည်ဖြစ်ရာ အောက်တိုဘာ ၉  ရက် ညပိုင်းတွင် ပုသိမ်မြို့သို့ ထွက်ခွာ သွားပြီဖြစ်သည်။

အနုပညာရှင် အယောက် ၂၀ နီးပါးပါဝင်သည့် အဖွဲ့တွင် ယုဇန၊ လင်းနစ်၊ သ ျှီ၊ မီမီဝင်းဖေ၊ အလင်းရောင်၊ ရန်ရန်ချမ်း၊ ဂျီလတ်၊ ထက်နိုင်ထွန်း၊ တူးတူး၊  ဖြိုးကြီး၊ အနဂ္ဂ၊ ကော်နီ၊ သံသာဝင်း၊ ကြည်ဖြူသ ျှင်၊ စိုင်းစံ၊ J Tone တို့ ပါဝင်သည်။

အဆိုပါ အနုပညာရှင် အဖွဲ့ကို ဦးဆောင်သူ ဒါရိုက်တာ ကြည်ဖြူသ ျှင်က “ ဒေါ်အောင်ဆန်း စုကြည်ကို တဖက်တလမ်းမှ ကူညီနေကြတဲ့ အနုပညာရှင်များကတော့ မောတယ်လို မရှိပါဘူး NLD ပါတီ အနိုင်ရဖို့ တဖက်ကနေ အနုပညာနဲ့ ဖျော်ဖြေတင်ဆက်ခွင့်ရတာ အင်မတန်မှ ဝမ်းလည်းသာတယ် ပျော်လည်းပျော်တယ်” ဟု ပြောသည်။

အလားတူ တေးသံရှင် သံသာဝင်းကလည်း “ပြောင်းလဲဖို့အတွက် အနုပညာ ရေအေးတိုက်ကျွေးဖို့ ပုသိမ်က ပြည်သူများကို ဖျော်ဖြေဖို့ အတွက် အရမ်း ပီတိဖြစ်မိတယ် ပုသိမ်မှာ လူအင်အားများတယ် NLD အတွက် ဖျော်ဖြေခွင့် ရတာ အတိုင်းမသိ ပျော်ရွှင်တယ် စနစ်ဟောင်းကြီးလဲ ပြောင်းလဲ ချင်နေပါပြီဟု ပြောဆိုခဲ့သည်။

 

သတင်းနှင့် ဓာတ်ပုံ - ကိုထွန်းဝေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required