အာဟာရနှင့် စားနပ်ရိက္ခာဖူလုံရေး အသိပညာပေးလှုပ်ရှားမှု မန္တလေးမြို့တွင် ပြုလုပ်

အာဟာရနှင့် စားနပ်ရိက္ခာဖူလုံရေး အသိပညာပေးလှုပ်ရှားမှု မန္တလေးမြို့တွင် ပြုလုပ်

မန္တလေး၊ နိုဝင်ဘာ ၂၈ ။            ။ မြန်မာ့ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ ကျင်းပပြုလုပ်သော အာဟာရ နှင့် စားနပ်ရိက္ခာဖူလုံရေး အသိပညာပေးလှုပ်ရှားမှုကို (၂၀၁၈)ခုနှစ် နိုဝင်ဘာ(၂၈)ရက် နံနက်(၉)နာရီက မန္တလေးမြို့၊အမရပူရမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ငါးလုပ်ငန်းဦးစီးဌာနနှင့် GIZ မှ တာဝန် ရှိသူများတက်ရောက်ခဲ့ကြပြီး မန္တလေးမြို့၊အမရပူရမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကိုးတန်းကျောင်းသားကျောင်းသူ (၃၀၀) ကို တူညီသော တစ်နေ့တာ အဟာရဆိုင်ရာ အသိပညာပေးခြင်း များကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွ့ံဖြိုးရေးစီမံကိန်းနှင့်အခြားမိတ်ဖက် အဖွဲ့အစည်းများဖြစ်သော ငါးလုပ်ငန်းဦးစီးဌာန၊ Save the Children အဖွဲ့မှဖွဲ့စည်းထားသော ပညာပေးဖျော်ဖြေရေးအဖွဲ့ဖြစ်သော Arts For All အဖွဲ့နှင့် LE PLANTEUR Restaurant မှ စာဖိုးမှူ းများ အတူလက်တွဲကာ ကျိုင်းတုံ၊ ပုသိမ်မြို့၊ ကလေးမြို့နှင့် ရွှေဘိုမြို့များတွင်လည်း ယခုကဲ့သို့ အဟာရနှင့်စားနပ်ရိက္ခာဖူလုံရေး အသိပညာပေးမှု အစီအစဉ်များကိုပြုလုပ်ခဲ့ပြီးကြောင်း သိရသည်။

' ငါးစားသုံးမှုကရရှိတဲ့ အကျိုးကျေးဇူးကို ပြည်သူတွေသိရှိအောင် အာဟာရ အသိပညာပေးလှုပ်ရှားမှုတွေကို စီမံကိန်းဧရိယာတွေမှာ ဆောင်ရွက်လျက်ရှိပါတယ်။ နောက်နှစ်တွေမှာလည်း ဒီထက်ပိုပြီး ကောင်းအောင် လုပ်ဆောင်သွားမှာပါ။ ဝေးလံခေါင်းပါးတဲ့ နေရာတွေမှာလဲ စီမံချက်တွေရေးဆွဲပြီး သွားရောက်လုပ်ဆောင်ဖို့ စီစဉ်နေပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိုင်းဦးစီးဦးဝင်းမြင့်ဇော်က ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly