ချန်ပီယံလိဂ်ပလေးအော့ဖ်တွင် စတူအာဘူခါရက်စ်နှင့် မန်စီးတီးတွေ့ဆုံ

ချန်ပီယံလိဂ်ပလေးအော့ဖ်တွင် စတူအာဘူခါရက်စ်နှင့် မန်စီးတီးတွေ့ဆုံ

သြဂုတ် ၆၊ မန်ချက်စတာ။                  ။ မန်ချက်စတာစီးတီးအသင်းသည် ချန်ပီယံလိဂ် ပလေးအော့ဖ်အဆင့်တွင် ရိုမေးနီးယားကလပ် စတူအာဘူခါရက်စ်နှင့် ကစားရ မည်ဖြစ်သည်။

နှစ်ကျော့စနစ်ဖြင့်ကစားရမည့်ပလေးအော့ဖ်အဆင့်ပွဲများကို သြဂုတ် ၁၆၊ ၁၇ နှင့် ၂၃၊ ၂၄ နေ့များတွင် ကစားရမည်ဖြစ်သည်။

စီးတီးနည်းပြသစ် ဂွာဒီယိုလာသည် နည်းပြအဖြစ် ချန်ပီယံလိဂ်ဖလားနှစ်ကြိမ်ရဖူးပြီး ၂၀၀၉၊ ၂၀၁၁ တို့တွင် ဘာစီလိုနာအသင်းနှင့် ရရှိသည်။

ယင်းစပိန်လူမျိုးနည်းပြသည် ပြီးခဲ့သည့်ဆီမီးလေးကြိမ်ကိုရှုံးနိမ့်ခဲ့ရပြီး ဘာစီလိုနာအသင်းနှင့်တစ်ကြိမ်၊ ဘိုင်ယန်မြူးနစ်နှင့် သုံးကြိမ်ရှုံးနိမ့်ခဲ့သည်။

စီးတီးအသင်းမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ခြောက်ရာသီဆက်ယှဉ်ပြိုင်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။ ၂၀၀၄ ချန်ပီယံ ပေါ်တို အသင်းသည် ခက်ခဲသည့်ပြိုင်ဘက်အဖြစ် အီတလီကလပ် ရိုးမားနှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ၁၉၉၅ ချန်ပီယံ အိုင်းယက်စ်အသင်းမှာ ရုရှကလပ် ရော့စတော့ဗ်နှင့် ကစားရမည်ဖြစ်သည်။

အနိုင်ရသည့်အသင်းများသည် ချန်ပီယံလိဂ်အုပ်စုအဆင့်သို့ တက်ရောက်ကစားခွင့်ရမည်ဖြစ်ပြီး ရှုံးသည့်အသင်းများမှာ ယူရိုပါလိဂ်သို့ဆင်းကစားရမည်ဖြစ်သည်။

ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်များ

လူဒိုဂိုရက်စ် (ဘူလ်ဂေးရီးယား) - ဗစ်တိုးရီးယားပယ်လ်ဇန် (ချက်)

ဆဲလ်တစ် (စကော့တလန်) - ဟာပိုးလ်ဘီယာရှီဗာ (အစ္စရေး)

ကိုပင်ဟေဂင် (ဒိန်းမတ်) - အေပိုးလ်နီကိုးလ်ရှား (ဆိုက်ပရက်စ်)

ဒန်းဒေါ့ (အိုင်ယာလန်) - လီဂီယာဝါဆော (ပိုလန်)

ဒိုင်နမိုဇာဂရက် (ခရိုအေးရှား) - ဆဲလ်ဘတ် (သြစတြီးယား)

စတူအာဘူခါရက်စ် (ရိုမေးနီးယား) - မန်စီးတီး (အင်္ဂလန်)

ပေါ်တို (ပေါ်တူဂီ) - ရိုးမား (အီတလီ)

အိုင်းယက်စ် (နယ်သာလန်) - ရော့စတော့ဗ် (ရုရှ)

ယန်းဘွိုင်းစ် (ဆွစ်ဇာလန်) - ဂလက်ဘတ် (ဂျာမနီ)

ဗီလာရီးယဲလ် (စပိန်) - မိုနာကို (ပြင်သစ်)

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly