မန်ယူတွင်ဆက်နေပါက သုံးပွဲလျှင်တစ်ပွဲသာကစားရမည်ဟု မာတာကို မော်ရင်ဟိုပြော

မန်ယူတွင်ဆက်နေပါက သုံးပွဲလျှင်တစ်ပွဲသာကစားရမည်ဟု မာတာကို မော်ရင်ဟိုပြော

ဇူလိုင် ၂၀၊ မန်ချက်စတာ။                ။ မန်ချက်စတာယူနိုက်တက်တွင် ဆက်ကစားနိုင်မည်ဖြစ်သော်လည်း သုံးပွဲလျှင် တစ်ပွဲသာကစားခွင့်ရမည်ဟု ကွင်းလယ်လူ မာတာကို နည်းပြမော်ရင်ဟိုက ပြောဆိုလိုက်သည်။

ပေါ်တူဂီလူမျိုးနည်းပြသည် ၂၀၁၄ တွင်ချယ်လ်ဆီးအသင်းကိုပြန်လည်ကိုင်တွယ်စဉ်က ပရိသတ်အကြိုက်ကစားသမား မာတာကို ယူနိုက်တက်ထံ ပေါင် ၃၇ ဒသမ ၁ သန်းဖြင့် ရောင်းချခဲ့ဖူးသည်။

ယူနိုက်တက်အသင်းနှင့်အတူ တရုတ်ခရီးစဉ်သို့လိုက်ပါလာသည့် စပိန်ကြယ်ပွင့်မာတာသည် ၎င်း၏နေရာအတွက် တိုက်ပွဲဝင်ရန် ဆန္ဒရှိနေသည်ဟု ယူဆရသည်။

ခြေစမ်းခရီးစဉ်အတွင်း ခြေစွမ်းပြနိုင်ပါက ပွဲထွက်ကစားသမားအဖြစ်မော်ရင်ဟိုက အသုံးပြုလိမ့်မည်ဟုလည်း ယုံကြည်နေသူ ဖြစ်သည်။

အသက် ၂၈ နှစ်ရှိမာတာမှာ ယူနိုက်တက်ပရိသတ်များ ကြိုက်နှစ်သက်သူလည်းဖြစ်ပြီး ပရီးမီးယားလိဂ် ၈၆ ပွဲတွင် ၂၁ ဂိုးသွင်း ထားသည်။ ယင်းမှာချယ်လ်ဆီးအသင်းတွင်ကစားစဉ်ကသွင်းယူခဲ့သည့် ဂိုးအရေအတွက်ထက်လည်း ပိုများသည်။

ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၀၄ ပွဲတွင် ၂၆ ဂိုးသွင်းယူပေးထားသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required