မြန်မာနိုင်ငံရှိ တောင်သူများအတွက် ဖန်လုံအိမ်နည်းပညာသုံး အခြောက်ခံစက်များကို စတင်မိတ်ဆက်

မြန်မာနိုင်ငံရှိ တောင်သူများအတွက် ဖန်လုံအိမ်နည်းပညာသုံး အခြောက်ခံစက်များကို စတင်မိတ်ဆက်

ရန်ကုန်၊ မေ ၂၄ ။           ။ မြန်မာနိုင်ငံရှိ တောင်သူများအတွက် ဖန်လုံအိမ်နည်းပညာသုံး အခြောက်ခံစက်များကို အဖွဲ့အစည်းသုံးခုက ပူးပေါင်းပြီး စတင်မိတ်ဆက်ခဲ့သည်။
 
အဆိုပါနည်းပညာကို မြန်မာနိုင်ငံအတွင်းရှိ ကျေးရွာ ၃ ရွာမှ ငရုတ်သီး၊ လက်ဖက်စိုက်တောင်သူများနှင့် ၎င်းတို့၏ မိသားစုဝင် ၁၇,၀၀၀ တို့ အသုံးပြုနိုင်ရန် Covestro၊ DEG၊ Bayer CropScience နှင့် ASSIST အဖွဲ့အစည်း တို့ပူးပေါင်းပြီး မကြာသေးမီက ပံ့ပိုးပေးထားပြီးဖြစ်ကြောင်း သိရသည်။

ရိတ်သိမ်းရာတွင် တောင်သူလယ်သမားများ ကြုံတွေ့ရသည့် ရိတ်သိမ်းချိန်လွန် ဆုံးရှုံးလေလွင့်မှုများကို လျော့ချနိုင်ရန်အတွက် ဖန်လုံအိမ်နည်းပညာသုံး အခြောက်ခံစက်က   ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး “ We Care” စီမံကိန်းမှ စီစဉ်ပေးခြင်းဖြစ်သည်။

အရည်အသွေးမြင့်မားသည့် ထုတ်ကုန်ပစ္စည်းခြောက်များထုတ်လုပ်ရာတွင် ဖန်လုံအိမ်နည်းပညာသုံး အခြောက် ခံစက်က အခြောက်ခံသည့် ကြာမြင့်ချိန်နှင့် အလုပ်သမားများ ငှားရမ်းသည့် ကုန်ကျစရိတ်တို့ကိုလျော့ချပေး နိုင်မည်ဖြစ်သည့် အပြင် ၎င်းတွင် တပ်ဆင်ထားသည့် အမိုးခုံးက အခြောက်ခံလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ငရုတ်သီး သို့မဟုတ် လက်ဖက်စိမ်းတို့ကို ပတ်ဝန်းကျင်မှ ဖုန်မှုန့်များဝင်ရောက်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းများမှ တိရိစ္ဆာန်များ ဝင်ရောက်ဖျက်ဆီးခြင်းမှ အကာအကွယ်ပေးနိုင်မည်ဖြစ်ပြီး တောင်သူလယ်သမားများအနေဖြင့် ၎င်းတို့၏ စိုက်ပျိုးသီးနှံများကို မိုးတွင်းကာလအတွင်း အမိုးခုံးများအောက် တွင်ထားရှိပြီး အခြောက်ခံလုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီး ဖြစ်ကြောင်း သိရသည်။

ငရုတ်သီးအခြောက်ခံရာတွင် အသုံးပြုနိုင်ရန်အတွက် ဖန်လုံအိမ်နည်းပညာသုံး အခြောက်ခံစက်များကို ဝန်းသိုမြို့နယ်ရှိ ငဘဲကန်ရွာနှင့် မြစ်သားမြို့နယ် ပုညရွာတို့တွင် တည်ဆောက်ထားသည့် အပြင် ရှမ်းပြည်နယ် ပင်းတယမြို့နယ်အတွင်းရှိ စကြာအင်းရွာတွင် လက်ဖက်စိမ်းများအခြောက်ခံနိုင်ရန်အတွက် ပံံ့ပိုး ပေးကြောင်းဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required