ကဆုန်လပြည့်နေ့ သျှစ်သောင်းပုထိုးတော်ကြီး၌ MPTက ယောဂီတဘက်လှူမည်

ကဆုန်လပြည့်နေ့ သျှစ်သောင်းပုထိုးတော်ကြီး၌ MPTက ယောဂီတဘက်လှူမည်

ရန်ကုန်၊ မေ  ၁၆ ။           ။ လာမည့် ကဆုန်လပြည့်နေ့ (မေ ၂၁ရက်) တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ သျှစ်သောင်းပုထိုးတော် ကြီး၌ MPT က ယောဂီတဘက်များ လှူဒါန်းသွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့ရှိ သျှစ်သောင်းပုထိုးတော်ကြီး၏ နှစ်စဉ်ကျင်းပသည့် ဗုဒ္ဓပူဇ နိယပွဲတော်ကို မေလ ၂၁ရက်မှ ၂၅ရက်အထိ ကျင်းပမည်ဖြစ်ပြီး  အဆိုပါပွဲတော်တွင် MPT မှ ဘုရားဖူးများအား ယောဂီတဘက်များ လှူဒါန်းသွားမည့်အပြင် ပျော်ရွှင်စရာအစီအစဉ်များဖြစ်သည့် အထူးအစီအစဉ်များ၊ ဂိမ်းများ၊ မျက်လှည့်၊ အကအဖွဲ့များနှင့် လက်ဆောင်များပေးအပ်ခြင်း တို့ကိုပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

MPT သည် ရခိုင်ပြည်နယ်တွင် ၂၀၁၅ခုနှစ် ဇူလိုင်လကလည်း ဆိုင်ကလုန်းမုန်တိုင်း ကိုမန်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေရာများကို ကူညီထောက်ပံ့ပေးခဲ့သည်။

ရေဘေးပြန်လည်ထူထောင်ရေးနှင့် ရေဘေးသင့်ပြည်သူများအားလည်း ကူညီပံ့ပိုးပေးခဲ့ပြီး စစ်တွေမြို့၏ အထိမ်းအမှတ် နာရီစင် ပြန်လည်မွမ်းမံမှုတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required