နော့စ်ကောင်တီအသင်းကို တေလာဆွစ်ဖ် မဝယ်ပါဘူးလို့ အတည်ပြုလာတဲ့ ဘောလုံးအသင်း

By By PKThawn
28 October 2023
နော့စ်ကောင်တီအသင်းကို တေလာဆွစ်ဖ် မဝယ်ပါဘူးလို့ အတည်ပြုလာတဲ့ ဘောလုံးအသင်း
Photo-EPA

နော့စ်ကောင်တီရဲ့ ပိုင်ရှင်တွေက သူတို့ဟာ ကလပ်အသင်းကို ပေါ့ပ်စတား တေလာဆွစ်ဖ်ထံ ရောင်းချမှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။

ဆွစ်ဖ်ဟာ နော့စ်ကောင်တီ(Magpies)ကို ဝယ်ယူလိုတယ်လို့ ဖော်ပြခဲ့တဲ့ သတင်းစာတစောင်ကို လိဂ်(၂) ကလပ်က တုံ့ပြန်ခဲ့တဲ့အနေနဲ့ ၎င်းတို့ရဲ့ ဆိုရှယ်မီဒီယာ ချန်နယ်တွေပေါ်မှာ ရေးတင်ထားပါတယ်။

အလေးအနက်မဟုတ်ဘဲ နောက်ပြောင်တဲ့ သတင်းသက်သက်ဖြစ်တယ်လို့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဘောလုံးလိဂ်ကလပ်ရဲ့ ပိုင်ရှင်တွေက သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

"ကျနော်တို့ရဲ့ fanbase ထဲက Swifties တွေကို စိတ်ပျက်စေတဲ့"အတွက် ကျနော်တို့ စိတ်မကောင်းဖြစ်မိတယ်လို့ Chris နဲ့ Alex Reedtz တို့က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Shake It Off၊ Blank Space၊ Bad Blood၊ Style နဲ့ Love Story တို့လို သီချင်းတွေနဲ့ နာမည်ကြီးတဲ့ ဆွစ်ဖ်ဟာ လိဂ်(၂) ကလပ် ရက်ဇ်ဟမ်း (Wrexham)ကို ဝယ်ယူခဲ့တဲ့ ဟောလိဝုဒ်ကြယ်ပွင့် Ryan Reynolds နဲ့ Rob McElhenney တို့အတိုင်း လုပ်ဆောင်သွားလိုတယ်လို့ The Weekend Sport သတင်းစာက ဖော်ပြခဲ့တာပါ။

Reedtz ညီအစ်ကိုတွေက "ကျနော်တို့ရဲ့ fanbase ထဲက Swifties တွေကို စိတ်ပျက်စေတာကြောင့် စိတ်မကောင်းသလို သူ့ရဲ့ နာမည်ကြီး သီချင်း shake if off အတိုင်း ကျနော်တို့ရဲ့ ဒီသတင်းမှားကို ချေဖျက်သွားမှာပါ။"လို့ ဆွစ်ခ်ရဲ့ နာမည်ကြီးသီချင်းကို ကိုးကားပါရှိတဲ့ ထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။

“ကျနော်ကိုယ်တိုင်နဲ့ တေလာကြားမှာ ဘာရန်ငြိုးရန်စဖွဲ့တာမျိုး (bad blood သီချင်းကို ညွှန်း) မရှိတာ သေချာတယ်၊ ဒါပေမယ့် ကျနော်တို့နဲ့ ကလပ်အတွက် ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်မျိုးမှာ ကျနော်တို့ရဲ့ ထိန်းချုပ်မှုကို လက်လွှတ်မယ်ဆိုတာ သူမအနေနဲ့ သေချာပေါက် ယုံကြည်မှာမဟုတ်ပါဘူး။”

"ချစ်ခင်ရင်းနှီးတဲ့ အမူအရာတခုအနေနဲ့ သူမရဲ့ အသစ်ပြန်ထွက်ရှိထားတဲ့ 1989 အယ်လ်ဘမ်ထဲက သီချင်းတပုဒ်ကို မနက်ဖြန်ပွဲအကြို play list နေရာလွတ်ထဲ (Blank Space သီချင်းကို ညွှန်းဆို)ထည့်သွားမယ်။"လို့ အဲဒီထုတ်ပြန်ချက်က ဆိုပါတယ်။

ကလပ်အသင်းဟာ ဒီနှစ်အစောပိုင်းမှာ National League ကနေ တန်းတက်လာပြီးနောက် လက်ရှိမှာ လိဂ်(၂) မှာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly