တော်လှန်ရေးကာလအတွင်း အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေကို အဆိုးဆုံးခံစား နေကြရတယ်(ရုပ်သံ)

တော်လှန်ရေးကာလအတွင်း အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေကို အဆိုးဆုံးခံစား နေကြရတယ်(ရုပ်သံ)

စစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်တဲ့ တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ပြည်သူတွေဟာ စစ်ရဲ့ ဒဏ်ကို အဆိုးဆုံး ခံစားနေကြရပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီတပ်ကို အားကောင်းကောင်း နဲ့ တော်လှန်နေတဲ့ အညာဒေသက ပြည်သူတွေဟာလည်း စစ်ရဲ့ဒဏ်ကို အတော်လေးခံစားနေကြရပါတယ်။

အဲ့ဒီအထဲက မှ အမျိုးသမီးတွေဟာ စစ်ရှောင်ရတဲ့ ဒဏ်၊ သားသမီးဆုံးရှုံးတာတွေ နေအိမ်တွေကို ဆုံးရှုံးရတဲ့ဒဏ်တွေကို ပိုပြီးခံစားကြရပါတယ်။ အဆိုးဆုံးကတော့ စစ်ကောင်စီတပ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန် အနိုင်ကျင့် ခံရမှုတွေပဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေဟာ အဆိုးဆုံးအထိ ကျူးလွန်နေပြီး သက်ကြီးရွယ်အိုတွေ စိတ်မနှံ့သွပ်သူတွေပါမချန် ကျူးလွန်နေလို့ အခုဆို စစ်ကြောင်းဆိုတာနဲ့ တယောက်မကျန် ထွက်ပြေးနေကြရပြီလို့ စစ်ကိုင်းတွင်းအတွင်းမှာ စစ်ဘေးရှောင်များအတွက် အကူအညီပေးနေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

တည်းဖြတ် ၊ တင်ဆက် - MTO
စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required