“အညာမြေ လမ်းတွေပေါ်က စကစ ဓားပြများ” | ချစ်သောအညာမြေ Episode-25

“အညာမြေ လမ်းတွေပေါ်က စကစ ဓားပြများ” | ချစ်သောအညာမြေ Episode-25

အညာဒေသ လမ်းတွေပေါ်က စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်တွေမှာ တောင်းရမ်းမှုတွေကို ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုနဲ့ လွှမ်းခြုံပြီး ပြောပြပေးပါ၊ ဒီလိုတောင်းရမ်းတာတွေက ဘယ်လောက်ထိ ကျယ်ကျယ်ပျံ့ပျံ့ ဖြစ်နေပါသလဲ၊ စစ်ဆေးရေး ဂိတ်တွေမှာ ခရီးသည်တင်ကားတွေ၊ ကုန်ကားတွေကို စစ်တဲ့အခါ ထိုင်ထလုပ်ခိုင်းတာ၊ ပုံစံထိုင်ခိုင်းတာမျိုးလို လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရတာတွေ ရှိပါသလား၊ ဒီလို ဖြစ်ရပ်တွေအပြင် ခိုးဆိုးလုနှိုက် သတင်းတွေကိုလည်း နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်၊ ဒီလိုခိုးဆိုးလုနှိုက်တွေကို ဘယ်သူတွေက လုပ်နေတာပါလဲ၊ ဘာကြောင့် လုပ်နေနိုင်ရတာပါလဲ၊ စစ်ဆေးရေး ဂိတ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ မဖြစ်အောင် လူထုအချင်းချင်း ပူးပေါင်းပြီးတော့ သတင်းအချက်အလက်တွေကို မျှဝေဖို့ လိုမလား၊ ဘယ်လိုမျိုး လုပ်ဆောင်သင့်လဲ စတာတွေကို နားဆင်ကြရပါမယ်။

မုံရွာသပိတ်ခေါင်းဆောင် မချောစုစံ၊ ရွှေဘိုမြို့နယ်၊တိုက်နယ်(၂) ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုသူရိန်နဲ့ မကွေးဒေသခံ ဒေါ်သဇင်တို့ကို ကိုနောင်နောင်က မေးမြန်းဆွေးနွေးထားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly