မန္တလေးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်များကြဲဖြန့်

By ၀၀၈(မဇ္ဈိမ)
18 October 2023
မန္တလေးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်များကြဲဖြန့်

မန္တလေးမြို့တွင် လုံခြံရေးတင်းကျပ်ထားသည့်ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်များကို အောက်တိုဘာ ၁၇ရက်၊ ညနေပိုင်း၌ မန္တလေးသပိတ်အင်အားစုက ကြဲဖြန့်ခဲ့ကြောင်း သိရသည်။

“အာဏာရှင်ဝါဒ မချုပ်ငြိမ်းသရွေ့ လူထုတော်လှန်ရေးဟာလည်း ဘယ်တော့မှ မရပ်တန့်ဘူး။ ရရင်ရသလို ပုန်ကန်နေရမှာပဲ။ တော်လှန်ရေး မပြီးဆုံးသေးဘူးဆိုတာ မမေ့ကြဖို့အတွက် အခုလို ဆန့်ကျင်ရေး စာရွက်တွေ ကြဲဖြန့်ခဲ့တာဖြစ်တယ်။”ဟု မန္တလေး သပိတ်အင်အားစု အဖွဲ့ဝင်တဦးကပြောသည်။

မန္တလေးသပိတ်အင်အားစုသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေသည့် နေရာများကို ရှောင်ကွင်းပြီး “ကလေးပါမကျန် သတ်တဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့ အမြစ်ဖြတ်၊ တကြိမ်တခါလောက် ရဲရင့်ပေးကြပါ၊ ဒီတော်လှန်ရေး မုချအောင်မြင်ရမှာ၊ လူစိတ်မရှိတဲ့ ဖက်ဆစ်တပ် အမြစ်ပြတ် တိုက်ထုတ်ကြ " စသည့် စာသားပါ စာရွက်များကို ကြဲဖြန့်ခဲ့ခြင်းဖြစ်သည်။

အာဏာရှင်စနစ်အောက်မှ ရုန်းထွက်နိုင်ရန် ပြည်သူ့အားကို ဆက်လက်ပြကြရန် လိုအပ်ကြောင်း မန္တလေးသပိတ်အင်အားစုက ပြည်သူလူထုကို တိုက်တွန်းသည်ဟု ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required