ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ဦးကျော်မိုးထွန်း ဆက်လက်တာ၀န်ယူ

By မဇ္ဈိမ 
22 September 2023
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ဦးကျော်မိုးထွန်း ဆက်လက်တာ၀န်ယူ
နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို တွေ့ရစဉ် (ပုံ - AFP)

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူထားသည်ဟု RFA က ‌ဖော်ပြသည်။

အထွေထွေညီလာခံဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူ မော်နီကာ ဂရေးလီ (Monica Grayley)က RFA ကို စက်တင်ဘာလ ၂၁ ရက်နေ့က အတည်ပြုပြောကြားခြင်းဟု သတင်းတွင် ဖော်ပြထားသည်။

အဖွဲ့ဝင်နိုင်ငံများက စေလွှတ်သည့် ကုလသမဂ္ဂအမြဲတမ်း သံအမတ်ကြီးရာထူးကို ကုလသမဂ္ဂဆိုင်ရာနိုင်ငံကိုယ်စားလှယ် ခန့်ထားရေး စိစစ်သည့် "ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်စိစစ်ရေးကော်မတီ" (Credential Committee) က နှစ်စဉ် ဆုံးဖြတ်အတည်ပြုပေးရခြင်းဖြစ် သည်။

အခုနှစ်အတွက် ပြန်လည်ဖွဲ့စည်းထားသည့် ကော်မတီအသစ်မှာ စက်တင်ဘာ ၅ ရက်နေ့ကတည်းက တစ်ကြိမ်တစ်ခါမှ အစည်းအဝေးထိုင် ဆုံးဖြတ်ခြင်း မရှိသေးသဖြင့် ပြီးခဲ့တဲ့နှစ်က အတည်ပြုထားသည့် နိုင်ငံများ၏ ကိုယ်စားလှယ် များမှာ ဆက်လက်တာ၀န်ယူရခြင်းဟုအထွေထွေညီလာခံဥက္ကဋ္ဌ၏ပြောရေးဆိုခွင့်ရှိသူ မော်နီကာ ဂရေးလီ (Monica Grayley)က ‌ပြောသည်။

ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသည့် Myanmar Accountability Project အဖွဲ့က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သက်တမ်းတိုး လိုက်ခြင်းအ‌ပေါ် ထောက်ခံကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်သည်။

ဦးကျော်မိုးထွန်းအား မြန်မာသံအမတ်အဖြစ် ဆက်လက်ထားရှိရန် မြန်မာနိုင်ငံတဝှမ်းတွင် နေ့စဉ်ဆန္ဒထုတ်ဖော်ကာ မြန်မာ ပြည်သူများက တောင်းဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required