ဖိလစ်ပိုင်သမ္မတနှင့်  ဆက်ဆံရေးတွင် တရုတ်အစိုးရ အခက်ကြုံနေ 

By The Singapore Post
18 September 2023
ဖိလစ်ပိုင်သမ္မတနှင့်  ဆက်ဆံရေးတွင် တရုတ်အစိုးရ အခက်ကြုံနေ 

၂၀၂၂ခုနှစ်တွင် ဖိလစ်ပိုင်သမ္မတအဖြစ် ၆ နှစ်သက်တမ်းရွေးကောက်တင်မြှောက်ခံရချိန်တွင် ဖာဒီနန် မားကိုးစ်ဂျူနီယာသည် ၎င်း၏ ရှေ့မှ သမ္မတဟောင်းဖြစ်သူ ဒူတာတေး၏ တရုတ်လိုလားသော မူဝါဒကို ၎င်းက ဆက်လက်ကျင့်သုံးနိုင်သည်ဟု ထင်ကြေးပေးခဲ့ကြသည်။

သို့သော်သမ္မတဖြစ်လာပြီးနောက်ပိုင်း မားကို့စ်ဂျူနီယာသည် တစ်ဆစ်ချိုးလှည့်ကာ အမေရိကန်အား ဖိလစ်ပိုင်၏ ထိပ်တန်းမဟာမိတ်အဖြစ် သတ်မှတ်ရန် အာရုံစိုက်လာခဲ့သည်။

အမေရိကန်ရေတပ်သင်္ဘောများ၏ လည်ပတ်မှုနှင့် အမေရိကန်တပ်ဖွဲ့များအတွက် အခြေစိုက်စခန်းကမ်း လှမ်းမှုက စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့ပြီး ရလဒ်အနေဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်ရန် သမ္မတဟောင်း ဒူတာတေးအား ပြောကြားခဲ့ရသည်။

တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ သောက်ယွီထိုင်နိုင်ငံတော်ဧည့်ရိပ်သာတွင် တွေ့ဆုံစဉ် တရုတ်နှင့် ဖိလစ်ပိုင် ကြား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် “ဒူတာတေးအနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားမယ်လို့ မျှော်လင့်ပါတယ်” ဟု တရုတ်ကသမ္မတက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြ ခဲ့သည်။

မားကို့စ် လက်ထက်တွင် တရုတ်နှင့် ဖိလစ်ပိုင်ကြား ဆက်ဆံရေး တင်းမာလာခဲ့ပြီး ဖိလစ်ပိုင်က ယင်း၏ အစဉ်အလာ မဟာမိတ်ဖြစ်သော အမေရိကန်ထံသို့ ပြန်လည်အားထားလာသွားခဲ့သည်။

၂၀၂၃ခုနှစ် မေလတွင် မားကို့စ်၏ အမေရိကန်ခရီးစဉ်တွင် ဆယ်စုနှစ်များစွာကြာ လုံခြုံရေးမဟာမိတ်အဖြစ် ဖိလစ်ပိုင်နှင့် အမေရိကန်က ထပ်မံအတည်ပြုခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံခဲ့ချိန်တွင် မဟာမိတ် ဖိလစ်ပိုင်ကို ကာကွယ်ရန် အမေရိကန်က အခိုင်အမာကတိကဝတ်ပြုခဲ့သည်။

၂၀၂၃ခုနှစ်အတွင်း အမေရိကန်အား နောက်ထပ် စစ်အခြေစိုက်စခန်း ၄ ခု အသုံးပြုခွင့်ပြုခဲ့သည့် ဖိလစ်ပိုင် အား ကာကွယ်ရန် အမေရိကန်က ကတိပြုထားသည်။

တရုတ်က ယင်း၏ပိုင်နက်နယ်မြေအဖြစ်တောင်းဆိုနေသည့် ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်ပါက ယင်းအခြေစိုက်စခန်းများကို အသုံးပြုခွင့်ပေးခြင်းက အသုံးတည့်မည့် ကာကွယ်ရေးခြေလှမ်းဟု မားကို့စ်က ပြောကြားခဲ့သည်။

သမ္မတ ဒူတာတေးက ၎င်း၏ သက်တမ်းအတွင်း တရုတ်ကို အဓိက မိတ်ဖက်အဖြစ် ကြေညာချိန်တွင် ဖိလစ်ပိုင်၏ နိုင်ငံခြားရေး မူဝါဒ အခင်းအကျင်းသည် သိသိသာသာ ပြောင်းလဲခဲ့သည်။

ဒူတာတေး၏ အမေရိကန်နှင့် ဝေးကွာပြီး တရုတ်၊ ရုရှားတို့နှင့် ခိုင်မာသော မဟာမိတ်များ တည်ဆောက်ရန် ဆုံးဖြတ်ချက်ကြောင့် ဖိလစ်ပိုင်၏ စီးပွားရေး၊ နိုင်ငံရေးနှင့် သံတမန်ဆက်ဆံရေးအခြေအနေများကို ကိုင်လှုပ်ခဲ့သည်။

အမေရိကန်-တရုတ် တင်းမာမှုများတွင် ကြားညှပ်ပါက ဖိလစ်ပိုင်သည် “တစပြင်” ဖြစ်လာနိုင်ကြောင်း သြဂုတ်လတွင် ဒူတာတေးက ပြည်တွင်းမီဒီယာများကို ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကိုးစ်ဂျူနီယာ၏ အစိုးရသစ်သို့ ကူးပြောင်းပြီးနောက် နိုင်ငံခြားရေးမူဝါဒ ဦးတည်ချက်မှာ မရေရာသေးပေ။

အစောပိုင်းတွင် မားကိုးစ်ဂျူနီယာက တရုတ်နှင့် နီးကပ်သောဆက်ဆံရေးကို ထိန်းသိမ်းထားလိုကြောင်း ပြောကြားခဲ့သော်လည်း အမေရိကန်ကို ပိုမို မျက်နှာသာပေးလာခဲ့သည်။ 

China faces headwinds in dealing with Marcos Jr in the Philippines
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required