တရုတ်သမ္မတ၏ ကြိုးပမ်းမှု မအောင်မြင်ခြင်းကြောင့် အကျင့်ပျက်ခြစားမှုများ ဆက်လက်ဖြစ်ပေါ်နေ

By The Singapore Post
17 September 2023
တရုတ်သမ္မတ၏ ကြိုးပမ်းမှု မအောင်မြင်ခြင်းကြောင့် အကျင့်ပျက်ခြစားမှုများ ဆက်လက်ဖြစ်ပေါ်နေ

တရုတ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍနှင့် စစ်ဘက်ဆိုင်ရာဝယ်ယူမှုများကို မကြာသေးမီက စုံစမ်း စစ်ဆေးမှုများ က အကျင့်ပျက်ခြစားမှုများဆက်လက်ဖြစ်ပွားနေကြောင်း ညွှန်ပြနေပြီး သမ္မတရှီကျင့်ဖျင်၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှု မအောင်မြင်ကြောင်းကိုလည်း ဖော်ပြနေသည်။

တရုတ်ကွန်မြူနစ်ပါတီ(CCP) အစိုးရသည် အကျင့်ပျက်ခြစားမှုအသစ်များကို တားဆီးရန်နှင့် ရှိရင်းစွဲခြစားမှု များကို အမြစ်ပြတ်ချေမှုန်းရန် ခက်ခဲသောတာဝန်များကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ရှီက ၂၀၂၃ခုနှစ် အစောပိုင်းတွင် ဝန်ခံခဲ့သည်။

ရှီသည် ၂၀၁၃ ခုနှစ်တွင် အာဏာရလာပြီးနောက် မကြာမီ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကို စတင်ခဲ့သည်။

အချို့သော အရာရှိမျာနှင့် ခေါင်းဆောင်များကို အရေးယူခဲ့ပြီး အတိုက်အခံများနှင့် ရှီကို ခြိမ်းခြောက်လာနိုင် သည်ဟု ယူဆသူများကို ပစ်မှတ်ထားရန် ပိုမိုလုပ်ဆောင်ခဲ့ကြောင်း အက်စ်အိုအေအက်စ်တရုတ် အင်စတီကျူ့မှ ဒါရိုက်တာ စတိတန်က ပြောကြားခဲ့သည်။

“ရှီရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုက ထိပ်တန်းခေါင်းဆောင်အပေါ် သစ္စာမရှိသူတွေကို ဖယ်ရှားဖို့ ပါတီအတည်ပြုချက်ရယူတဲ့ သဘောပါပဲ” ဟု တန်က ပြောကြားခဲ့သည်။

ဝါရှင်တန်အခြေစိုက် တရုတ်စစ်ဘက်ရေးရာလေ့လာရေးဗဟိုဌာနမှ ဒါရိုက်တာ ဖိလစ်စောင်ဒါစ်က ရှီက သဘောထားကွဲလွဲသူများကို ဖယ်ရှားရန် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုကို အသုံးပြုနေ ကြောင်း ပြောကြားခဲ့သည်။

ရှန်ဟိုင်းအခြေစိုက် တရုတ်ပညာရှင် ပင်ယုန်ကျန်းက တရုတ်ကို ကမ္ဘာတွင် အဂတိလိုက်စားမှုအများဆုံး နိုင်ငံဟု ခေါ်ဆိုခဲ့သည်။

အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်း၏ အနိမ့်ဆုံးနှင့် အမြင့်ဆုံးအဆင့် နှစ်ခုစလုံးကို ဒုက္ခပေးနေသည်။

အကျင့်စာရိတ္တအဆင့်အတန်းမြင့်မားသည်ဟု ဆိုသော ဆရာဝန်များပင်လျှင် ခြွင်းချက်မဟုတ်ပေ။

“ရုပ်သံဇာတ်လမ်းတွဲတွေမှာ လူနာတွေဆီက ပိုက်ဆံကို ဘယ်တော့မှမယူဘဲ လူတိုင်းကို ဂရုစိုက်တဲ့ စံပြ ဆရာဝန်တွေရှိပါတယ်၊ ဒါပေမယ့် တကယ်တမ်းကျတော့ အဲဒီလိုမဟုတ်ဘူး။ ဒါက အစိုးရရဲ့ ဝါဒဖြန့်မှုသာ ဖြစ်ပါတယ်” ဟု တရုတ်လေ့လာရေးဆိုင်ရာ ကထိကတစ်ဦးဖြစ်သူ ဆန်းဆန်းချိုင်က ပြောကြားခဲ့သည်။

နိုင်ငံရေးဝေဖန်သုံးသပ်သူ ဝူကျူလိုင်က အဂတိလိုက်စားမှုကို နှိမ်နင်းခြင်းသည် ပြည်သူများ၏ သဘော ထားနှင့် ကိုက်ညီသော်လည်း အကြီးစားအကျင့်ပျက်ခြစားမှုကို လျစ်လျူရှုထားကြောင်း ပြောကြားခဲ့သည်။

ဒုံးပျံတပ်ဖွဲ့တပ်မှူးကို ထုတ်ပယ်ပြီးနောက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရေးတွင် ရှီက စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့သည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်က ဗဟိုစစ်ကော်မရှင်၏ ဒု-ဥက္ကဋ္ဌ ကောဘိုရှန်သည် လက်အောက်ငယ်သား များအား ရာထူးတိုးမြှင့်ပေးမည်ဟူသော အကြောင်းပြချက်ဖြင့် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃ သန်း တန်ဖိုးရှိ လာဘ်ငွေများ ရယူခဲ့ကြောင်း တွေ့ရှိခဲ့သည်။

လက်ရှိ စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်များ အလှုပ်အရမ်းများနေမှုက အဂတိလိုက်စားမှု များပြားဆဲဖြစ်ကြောင်း ဖော်ပြနေသည်။

တရုတ်အစိုးရ၏ ပွင့်လင်းမြင်သာမှု ကင်းမဲ့မှုနှင့် အကျင့်ပျက်ခြစားမှုသည် ကွန်မြူနစ်တရုတ်နိုင်ငံ၏ ဗဟိုချုပ်ကိုင်မှုစနစ်တွင် အဓိကပြဿနာဖြစ်နေဆဲဖြစ်ကြောင်း တရုတ်ဘာသာသတင်းစာ Zaobao မှ တွဲဖက်အယ်ဒီတာ ဟန်ယောင်ဟောင်က ပြောကြားခဲ့သည်။

တရုတ်တွင် ဆရာဝန်များသည် ကွန်မြူနစ်အရာရှိများနောက်တွင် အကျင့်ပျက်ခြစားမှု အများဆုံးဖြစ် ကြောင်း တရုတ်လူမျိုးများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly