ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့်တိုက်ပွဲတွင်  KNDO ရဲဘော် ၃ ဦး ကျဆုံး 

By YT  ( မဇ္ဈိမ)
04 September 2023
ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့်တိုက်ပွဲတွင်  KNDO ရဲဘော် ၃ ဦး ကျဆုံး 
ပုံအညွှန်း - စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြထားသော သူရိယစစ်ကြောင်းမှ လက်နက်များ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများနှင့် KNU တပ်မဟာ(၁) ပူးပေါင်းစစ်ကြောင်းတို့ ထိတွေ့ တိုက်ပွဲဖြစ်ပွား၍ KNDO ရဲဘော်သုံးဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

“စစ်ယာဉ်တန်းလာမယ်ဆိုပြီး သတင်းရလို့ RPG တွေနဲ့ပစ်ဖို့သွားတာ။ ဒါပေမယ့် လမ်းမှာ ကင်းပုန်းလာ ကြိုစောင့်နေတဲ့ကောင်တွေနဲ့တိုးတာ၊ စစ်ကြောင်းရဲ့အနောက်ဆုံးက လေးယောက် အဝိုင်းခံလိုက်ရတာ၊ ကိုယ့်ဘက်က ခံလိုက်ရတာပေါ့” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြော သည်။

စက်တင်ဘာလ ၄ ရက် ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၊ ရန်ကုန်- မော်လမြိုင်ကားလမ်းအနီးရှိ တောင်ထန်းတော၌ စစ်ကောင်စီကင်းပုန်းများနှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ PDF ပူးပေါင်းစစ်ကြောင်း (သူရိယစစ်ကြောင်း)အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကိုယ့်ဘက်က KNDO တပ်ကြပ်တဦးနဲ့ တပ်သားနှစ်ဦး ကျသွားတာပေါ့။ သူတို့ဘက်က အထိအခိုက် မရှိ ဘူး။ ကိုယ့်ဘက်က အလစ်အဝိုင်းခံလိုက်ရတာကိုး” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်လက်ပြောဆို သည်။

ထိတွေ့တိုက်ပွဲသည် ၁၅ မိနစ်သာကြာမြင့်ခဲ့သော်လည်း တပ်မဟာ(၁)ပူးပေါင်းစစ်ကြောင်းမှ KNDO တပ် ကြပ်တဦးနှင့် တပ်သားနှစ်ဦး ကျဆုံးခဲ့ရကာ RPG တလက်၊ M-16 တလက်၊ M-22 တလက်၊ RPG ကျည် နှစ်လုံးနှင် ကျည်ဆန်အချို့ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ရန်ကုန်-မော်လမြိုင်ကားလမ်းအား စစ်ကောင်စီတပ်က တနာရီခန့် ကူး သန်းသွားလာခွင့် ပိတ်ဆို့ထားခဲ့ကြောင်း အလူးလေးကျေးရွာ ဒေသခံတဦးထံက သိရသည်။

ဘီးလင်းမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်နှင့် တပ်မဟာ (၁) KNLA ၊ KNDO ၊ PDF ပူးပေါင်းတပ်ဖွဲ့များ အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး နှစ်ဖက်ထိခိုက်၊ သေဆုံးမှု မကြာခဏဖြစ်ပေါ်လေ့ရှိသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly