ဝမ်ပေါင်နှင့် ယန်စီ ကုမ္ပဏီတို့ကို ဆန့်ကျင်ဆန္ဒပြကြသည့် ကျေးရွာပေါင်းစုံသပိတ်

By ပါခွီး (မဇ္စျိမ)
28 August 2023
ဝမ်ပေါင်နှင့် ယန်စီ ကုမ္ပဏီတို့ကို ဆန့်ကျင်ဆန္ဒပြကြသည့် ကျေးရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ ဦးပိုင်ကုမ္ပဏီနှင့် ကြေးနီထုတ်လုပ်နေသော တရုတ်ကုမ္ပဏီများ အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် ပြုလုပ်ကြသည်ဟု သိရသည်။

လူထုသပိတ်စစ်ကြောင်းသည် “ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲလုပ်နေတာ ချက်ခြင်းရပ်” ၊ “မြန်မာ - ယန်စီ အလိုမရှိ” ၊ “မြန်မာ - ဝမ်ပေါင် အလိုမရှိ” စာတမ်းများကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြ ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယနေ့သည်  (၈၈၉) ရက်မြောက် ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။          ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly