စစ်ကောင်စီ စစ်ကြောင်းကြောင့် ကနီမြို့နယ် ဒေသခံထောင်ချီ တိမ်းရှောင်

By KMN (မဇ္စျိမ)
26 August 2023
စစ်ကောင်စီ စစ်ကြောင်းကြောင့် ကနီမြို့နယ် ဒေသခံထောင်ချီ တိမ်းရှောင်
 ပုံအညွှန်း- ကနီမြို့နယ်တွင် ဩဂုတ်လ ၂၅ ရက်နေ့ညက တွေ့ရသည့် စစ်ဘေးရှောင်များ။(ဓာတ်ပုံ-  Pyae Aung Naing Kani)

 စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျောက်ကုန်းရွာဘက်မှ ကနီမြို့နယ်ဘက်သို့  ယမန်နေ့ ဩဂုတ်လ၂၅ ရက် ညကစ၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကြောင့် ကျေးရွာကိုးရွာခန့်မှ ဒေသခံထောင်ချီတိမ်းရှောင်နေရကြောင်း ကနီမြို့နယ်သပိတ်ဦးဆောင်သူတဦးက ပြောကြားသည်။

ကနီမြို့နယ် ကျောက်ကုန်းကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

"မနေ့ညကစပြီး ညတွင်းချင်း စစ်ဘေးတိမ်းရှောင်နေရတာပါ။ဒီနေ့အထိပြည်သူတွေပြေးနေရဆဲပါပဲ" ဟု ကနီမြို့နယ်သပိတ်ဦးဆောင်သူ က ပြောကြားသည်။

စစ်ကောင်စီစစ်ကြောင်းထိုးခြင်းကြောင့် ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာကိုးရွာခန့်မှ ဒေသခံပြည်သူ ထောင်ချီ စစ်ဘေး လွတ်ကင်းရာ ထွက်ပြေး တိမ်းရှောင် နေကြရပြီး စားနပ်ရိက္ခာ၊အမိုးအကာများ လိုအပ်နေကြောင်းသိရသည်။

စစ်ကောင်စီ စစ်ကြောင်းသည် စစ်ကိုင်းတိုင်း ကနီမြို့နယ် နှင့် ယင်းမာပင် မြို့အနယ်အစပ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဌင်းကျေးရွာများအနီးတွင် သြဂုတ်လ ၁၈ ရက်နေ့မှ စ၍ ၂၄ ရက်နေ့ထိ စစ်ကောင်စီ စစ်ကြောင်းနှင့်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်သား ၂၀ ခန့်သေဆုံးကာ တပ်စိတ်မှူး တဦးကို အရှင်ဖမ်းဆီးမိခဲ့ကြောင်း Dragon Brothers Task Force က သတင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ ‌အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required