အင်ဒိုနီးရှား မြန်နှုန်းမြင့်ရထားလိုင်းကို အောက်တိုဘာတွင် ဖွင့်လှစ်ရန် စီစဉ်

အင်ဒိုနီးရှား မြန်နှုန်းမြင့်ရထားလိုင်းကို အောက်တိုဘာတွင် ဖွင့်လှစ်ရန် စီစဉ်
Running late: Indonesia has been working on the Jakarta Bandung High Speed Rail line since 2016. (Photo courtesy of Kereta Cepat Indonesia China)

အကြိမ်ကြိမ် နှောင့်နှေးမှုများ ရှိခဲ့ပြီးနောက် အင်ဒိုနီးရှား၏ မြန်နှုန်းမြင့် ရထားလိုင်းကို လာမည့် အောက်တိုဘာတွင် အပြည့်အဝ စတင်ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ မြန်နှုန်းမြင့် ရထားလိုင်းသည် အရှေ့တောင်အာရှတွင် ပထမဆုံးသော အမျိုးအစားလည်း ဖြစ်သည်။

အင်ဒိုနီးရှား-တရုတ် ယာယီ ပူးပေါင်းအဖွဲ့အစည်း Kereta Cepat Indonesia China (KCIC) သည် ယခင် သတ်မှတ်ရက်ကာလဖြစ်သည့် ဩဂုတ်လမှ နောက်ဆုတ်ရွှေ့ဆိုင်းခဲ့ရပြီးနောက် ယခု မြန်နှုန်းမြင့်ရထား ဖွင့်လှစ်မည့် ရက်သစ်ကို အောက်တိုဘာလအဖြစ် သတ်မှတ်ထားသည်။ KCIC သည် ထပ်တိုးအချိန်ကို အသုံးပြုပြီး ဘေးကင်းလုံခြုံမှုကို သေချာစေရန် နောက်ထပ် စမ်းသပ်ပြေးဆွဲမှုများကို လုပ်ဆောင်မည် ဖြစ်သည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း၏ စက်တင်ဘာလ အစမ်းပြေးဆွဲမှုတွင် ပါဝင်နိုင်မည်ဟု မျှော်လင့်ကြောင်း သမ္မတ ဂျိုကို ဝီဒိုဒိုက ပြီးခဲ့သည့် သီတင်းပတ်က ပြောသည်။“အားလုံး အဆင်သင့် ဖြစ်တာနဲ့ ပြေးဆွဲပါလိမ့်မယ်” ဟု ၎င်းကပြောသည်။

မြန်နှုန်းမြင့် ရထား စတင်ပြေးဆွဲမည့် သတ်မှတ်ရက်သစ်သည် အင်ဒိုနီးရှား၏ နိုင်ငံရေး ပြက္ခဒိန်အရ အရေးကြီးသော အချိန်တွင် ကျရောက်နေသည်။ လာမည့်နှစ် သမ္မတရွေးကောက်ပွဲများအတွက် မဲဆွယ်ကာလ ရောက်ရန် သုံးလခန့်သာ လိုတော့သည်ဖြစ်ရာ သမ္မတ ဝီဒိုဒိုသည် ၎င်း၏ ပါတီက ထုတ်ဖော်နိုင်သည့် အမွေအနှစ် အောင်မြင်မှုတစ်ခုကို ချန်ထားရစ်နိုင်ရန် ကြိုးပမ်းနေသည်။

စက်တင်ဘာနှင့် အောက်တိုဘာတွင် ပြုလုပ်ရန် စီစဉ်ထားသော အစမ်းပြေးဆွဲမှုတွင် ရထား၏ ဘေးကင်းမှုကို အလေးထားပြသရန် အနီးအနားရှိ ဒေသခံများ အခမဲ့ လိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်။

အင်ဒိုနီးရှား မြန်နှုန်းမြင့် ရထားလမ်းသည် ဂျကာတာနှင့် အနောက်ဂျာဗားပြည်နယ်၏ မြို့တော် ဘန်ဒေါင်းကို ဆက်သွယ်ချိတ်ဆက်ထားသည့် ၁၄၀ ကီလိုမီတာခန့်ရှိ ရထားလမ်းတခုဖြစ်သည်။ ထိုရထားလမ်းပြေးဆွဲမှုသည် အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ၃၅၀ ကီလိုမီတာခန့် ရှိမည် ဖြစ်ပြီး ရထားလမ်းတခုလုံးကို ၃၆ မိနစ်အတွင်း ပြေးဆွဲသွားလာနိုင်ကြောင်း သိရသည်။

Indonesia set to open Southeast Asia's 1st high-speed rail in October
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required