"တရားဥပဒေ အရ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရကပဲ ရွေးကောက်ပွဲလုပ်လို့ရတယ် "

By မဇ္ဈိမ 
10 August 2023
"တရားဥပဒေ အရ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရကပဲ ရွေးကောက်ပွဲလုပ်လို့ရတယ် "

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ပြီးခဲ့တဲ့ ဩဂုတ်လ ၇ရက်နေ့ သူရဲ့ အစိုးရဖွဲ့နဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ ဥပဒေနဲ့ အညီလွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ထည့်သွင်းပြောဆိုပါတယ်။

မဲမသမာမှုရှိတယ်ဆိုပြီး အာဏာသိမ်းမှုကိုကျူးလွန်ခဲ့တဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲတစ်ခုပြုလုပ်ပြီး ပေါ်လာမယ့်အစိုးရအဖွဲ့ကို အာဏာပြန်လွှဲမယ်လို့ပြောဆိုနေတာပါ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးကတော့ ရွေးကောက်ပွဲဆိုတာ တရားဝင်အစိုးကသာလျှင်ပြုလုပ်ရတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

၂၀၀၈ဖွဲ့စည်းပုံအရ လွှတ်တော်ခေါ်ယူဖို့ လွှတ်တော်ကိုယ်စားလှယ် ၅၀ရာခိုင်နှုန်းအထက်သာလိုအပ်တာဖြစ်လို့ တပ်မတော်သား၂၅ရာခိုင်နှုန်းနဲ့ပေါင်းရင် အဆင်ပြေသလိုရွေးကောက်ပွဲလုပ်ပြီး အချိန်မရွေးလွှတ်တော်ခေါ်နိုင်တဲ့ သဘောကို  စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ကာလုံမှာပြောခဲ့ပါတယ်။ 

ရိုက်ကူး/တည်းဖြတ်။ ။လင်းသူရိန်
စာတည်း။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required