နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၅ နိုဝင်ဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၅ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က အကြမ်းဖက် စစ်တပ်လက်ပါးစေ ရဲစခန်းနှင့် ထွေအုပ်ရုံးကို PDFပူးပေါင်းတပ်က တိုက် ခိုက်မှု ရန်သူ့ဘက်က ၁၁ဦးသေဆုံးခဲ့ကြောင်း CDSOM သိရသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာက အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရဲစခန်းကို သိမ်းပိုက် နိုင်ခဲ့ပြီး တော့ တိုက်ပွဲအတွင်း ရန်သူ့တပ်သား (၆) ဦး သေဆုံးခဲ့သလို စစ်သုံ့ပန်းအဖြစ် (၁၁) ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ် ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က အသိပေးထုတ်ပြန်သည်။

 ပန်းတိုင်ရောက်ဖို့ဆိုရင် အဓိကဟန့်တားထားသည့် အကြမ်းဖက်စစ်ကောင်စီ ပြိုကျရန်လိုပြီး ပြိုကျရန်အတွက်ဆိုရင် စစ်ရေးကဏ္ဍကလည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပြီး နွေဦးတော်လှန်ရေးအောင်မြင်မယ်လို့ မျှော်လင့်ထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး-၂၊ ရဲဘော်စောရှား (စစ်ဆင်ရေးတာဝန်ခံ) ပြောသည်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ခြောက်ဦး သေဆုံးပြီး ၁၁ ဦးကို လက်ရအရှင်ဖမ်းမိခဲ့ကြောင်း NUG ကာကွယ်ရေးဌာနက နိုဝင်ဘာလ ၄ ရက်တွင် ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က အကြမ်းဖက် စစ်တပ်အထိုင်ချရာ တပ်စခန်းတခုကနေ စစ်အုပ်စုက စခန်းလုံးကျွတ် စွန့်ခွာသွားကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ နှစ်ဖက် အကျအဆုံးများရှိခဲ့ကြောင်း စစ်ရေးသတင်းရင်း မြစ်များ ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင် နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လက်ပုကန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးကာ လေးဦးပျောက်ဆုံးလျှက်ရှိ ကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မြပုလဲစစ်ကောင်စီစခန်းတိုက်ခိုက်ခံရစဥ် စစ်ကူသွားသည့် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နမခ)မှ စစ်ကားနှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် မြန်မာနိုင်ငံ၏ ကျောင်းသားလှုပ်ရှားမှုသမိုင်း ပြခန်း ကို နိုဝင်ဘာလ ၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ၃ ရက်ဆက် မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးသီး အလုံး ၁၀၀ ခန့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

 မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာ ရဲစခန်းသိမ်း တိုက်ပွဲ အောင်ပွဲဆင်လာသည့် တော်လှန်ရေး ရဲဘော်များကို ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြောင်း ABSDF Column - 3 ထံမှ သိရသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ပစ်ခတ်ခံရ၍ အရေးပေါ်ဆေးကုသမှု ခံယူနေရသည်ဟု Kyaukse Revolution Army (KRA) တာဝန်ရှိသူထံမှ သိရသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ဝက်လူးနယ်မြေရဲစခန်းအားတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံး မှုရှိပြီး စစ်ကူလာသည့်ယာဥ်များကိုပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်း Natogyi People Defence Forceအဖွဲ့က ပြောသည်။

ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားအချို့တွင် တော်လှန်လူငယ်များက ဦးဆောင်၍ "မီးကုန် ယမ်းကုန် ရိက္ခာကုန် တပ်တွင်းသူပုန်ထတော့မည်" စာသားဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု တရပ်ကို ယနေ့ (နိုဝင်ဘာ ၅) နံနက်က ပြုလုပ်ခဲ့ကြသည်။

တောင်ကိုရီးယားနိုင်ငံ၊ဒယ်ဂူးမြို့တွင် စစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဘူဖြောင်း မြို့တွင်လည်း MFDMC မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်မှ ဦးစီးကာ ရန်ပုံငွေ ရရှိရေးတော်လှန်ရေး THE WAY ရုပ်ရှင်ဇာတ်ကားကိုပြသခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

တအာင်းပြည်နယ်၊ တပ်မဟာ (၃)စစ်ဒေသ၊ မန်တုံမြို့နယ်၊ ခိုမုန်းကျေးရွာမှာရှိသည့် အကြမ်းဖက် စစ်ကောင်စီ၏ ခိုမုန်းတပ်စခန်းကို ယနေ့ နိုဝင်ဘာ ၅ရက် မွန်းတည့် ၁၂နာရီမှာ တအာင်းတပ်မတော် PSLF/TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့နေကြောင်း သိရသည်။

TNLAက ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းနှင့် နမ္မတူမြို့နယ်က အကြမ်းဖက် စစ် တပ်စခန်း ၂ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို လား ရှိုးနဲ့ သိန္နီကြားက စစ်ကူယာဥ်တန်းကို ကြားဖြတ်တိုက်မှု စစ်ကား၄စီးနှင့် လက်နက်များရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်က လေယာဥ်ဖြင့်ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ချင်းကာ ကွယ်ရေး တပ်ဖွဲ့ (မင်းတပ်)က ထုတ်ပြန်သည်။

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့အဝင် တောင်ကုန်းရှိ စစ်ကောင်စီတပ်၏ ကင်းစခန်း ကို ဝင်ရောက်တိုက်ခိုက်ရာ သေနတ်သုံးလက် သိမ်းဆည်းလိုက်နိုင်သည်ဟု ချင်းအမျိုးသားတပ်မတော် (CNA) တာဝန်ရှိသူထံမှ သိရသည်။

ကရင်နီပြည်နယ်၊ ဖရူဆို-ဘောလခဲလမ်းတလျှောက် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့ များအကြား အောက်တိုဘာလအတွင်း နေ့စဥ်နီးပါး တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၀ ဦး သေ ဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန် သည်။

စစ်ကောင်စီ

နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်းပြီး မြန်မာနှင့် ရုရှားတို့ ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀၀ ကျော် ထပ်မံဝင်ရောက်ရန်ရှိကြောင်း ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

သမဝါယမ စီမံကိန်း လုပ်ငန်းများအတွက် မြို့နယ်ပေါင်း ၈၀ ကျော်မှာ ကျပ် သန်း ၁၃ ဘီလီယံ ကျော် ပံ့ပိုးဆောင်ရွက်နေတယ်လို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနမှသိရသည်။

ရန်ကုန်တိုင်း ၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အဆင့်မြင့် ခုနစ်ထပ်ဆောင် အဆောက်အဦး ကို တည်ဆောက်နေပြီး လာမည့်၂၀၂၄ခုနှစ်အတွင်း ဖွင့်လှစ်သွားမည်ဟု သိရသည်။

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV အား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုကြောင်း စစ်ကောင်စီသတင်းများတွင် ဖော်ပြထားသည်။

မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရေး မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့နှင့် ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့ ဖျော်ဖြေပွဲအခမ်းအနားကို အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း စစ်ကောင်စီသတင်းများတွင် ဖော်ပြထးသည်။

နိုဝင်ဘာ ၅ ရက် သုံးသပ်ချက်

မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ ထိုးစစ်သည် အရှိန်ကောင်းနေဆဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ စခန်းများကို ဆက်လက်သိမ်းပိုက်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်များ အသေများကာ စခန်းစွန့်ခွာ ထွက်ပြေးသည်အထိ တပ်ပျက်နေသည်။

စစ်ကိုင်း မကွေး ဘက်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည်လည်း လက်စွမ်းပြကာ စစ်ကောင်စီ၏ အထိုင်စခန်းများနှင့် ရဲစခန်းများ ရဲကင်းများကို သိမ်းပိုက်နိုင်သည့်အပြင် အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို အရှင်ဖမ်းနိုင်သည်အထိ စစ်ရေးစွမ်းရည် တိုးတက်လာသည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly