ခင်ဦးမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်ခံရလို့ စာသင်ကျောင်းမှာ စစ်ရှောင်နေသူ သေဆုံး (ရုပ်သံ)

ခင်ဦးမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်ခံရလို့ စာသင်ကျောင်းမှာ စစ်ရှောင်နေသူ သေဆုံး (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မှာ  လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အင်းပတ်ကျေးရွာ စာသင်ကျောင်းထဲမှာ စစ်ရှောင်နေတဲ့ အမျိုးသား နှစ်ဦး ကျည်ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁၆ ရက် နေ့လယ်ပိုင်းက ရွာသစ်ကုန်းကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကြောင်းဟာ ရေဦးမြို့ကို ပြန်လည်ထွက်ခွာချိန်မှာ အနီးအနားက ကျေးရွာတွေဆီ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အသက် ၅၀ အရွယ် စစ်ရှောင်အမျိုးသား သေဆုံးခဲ့တာဖြစ်တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က ကိုနေသူရက ပြောပါတယ်။

သတင်း MTO
တည်းဖြတ်၊ တင်ဆက် MTO

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly