အင်ဒိုနီးရှားက တရားဝင် ကမ်းခြေစောင့်တပ် ဖွဲ့စည်းထူထောင်မည်

အင်ဒိုနီးရှားက တရားဝင် ကမ်းခြေစောင့်တပ် ဖွဲ့စည်းထူထောင်မည်

ပင်လယ်ပြင် နယ်စပ်လုံခြုံရေးအား မြှင့်တင်ရေးနှင့် မှောင်ခိုကုန်ကူးမှုများနှင့် ဥပဒေမဲ့ လုပ်ငန်းများအား တားဆီးကာကွယ်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံသည် ကမ်းခြေစောင့်တပ်ကို ဖွဲ့စည်းထူထောင်မည်ဖြစ်ကြောင်း နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

“အနာဂတ် အင်ဒိုနီးရှား ကမ်းခြေစောင့်တပ် ဖွဲ့စည်းထူထောင်ရေးအတွက် သမ္မတက အမိန့်ထုတ် ညွှန်ကြားထားတယ်”ဟု မိုဟာမတ် မတ်ရှ်ဖက်ဒ်က ပြောကြောင်း ပြည်တွင်းသတင်းစာ Jakarta Globe က ကိုးကားဖော်ပြသည်။

လက်ရှိ၌ ပင်လယ်ပြင်လုံခြုံရေးနှင့် မှောင်ခိုဥပဒေမဲ့ လုပ်ငန်းများ တားဆီးတို့အတွက် တာဝန်သည် အင်ဒိုနီးရှား ပင်လယ်ပြင်လုံခြုံရေးဌာနက တာဝန်ယူထားရခြင်း ဖြစ်သည်။

အသစ်ဖွဲ့စည်းထူထောင်မည့် ကမ်းခြေစောင့်တပ်အနေဖြင့် ပင်လယ်ပြင် လုံခြုံရေး မြှင့်တင်ရန်၊ ရေပြင်ဘေးကင်းရေး ကျိန်းသေစေရန်နှင့် အင်ဒိုနီးရှား ရေပိုင်နက်အတွင်း ဥပဒေစိုးမိုးမှု ရှိရန်တို့အတွက် အလုံးစုံ တာဝန်ယူရမည် ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required