အညာကစစ်ရှောင်တွေ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ကြုံတွေ့နေရ

By MTO (မဇ္ဈိမ)
08 June 2023
အညာကစစ်ရှောင်တွေ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ကြုံတွေ့နေရ

အဏာသိမ်းစစ်ကောင်စီတပ်ဟာ သူတို့ကို တော်လှန်နေတဲ့ အညာဒေသကို စစ်အုပ်ချုပ်ရေး ကြေညာပြီး မြေပြင်ကရော၊ ဝေဟင်ကပါတိုက်ခိုက်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အညာဒေသခံစစ်ရှောင်ဒုက္ခသည်တွေဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

တော်လှန်ရေးအတွင်း သားသမီးတွေ ဆုံးရှုံးခဲ့ရပြီး ကိုယ်တိုင်လည်း စစ်ရှောင်နေရတဲ့ သက်ကြီးရွယ်အို အဖိုး၊ အဖွားတွေမှာ စိတ်ပိုင်းဆိုင်ရာကျဆင်းမှုတွေ အဓိကကြုံနေရတာပါ။

စိတ်ဓာတ်ကျမှုတွေကြောင့် ကျန်းမာရေးထိခိုက်ပြီး စစ်ရှောင်ရင်းသေဆုံးသူတွေလည်း ရှိတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားအဖွဲ့က ကိုနေသူရက မဇ္ဈိမကို ပြောပါတယ်။ 

သတင်း၊ တည်းဖြတ်၊ တင်ဆက် - MTO
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required